မြစ်ကြီးနား   ဇူလိုင်   ၂၇

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ကရာတေးပြိုင်ပွဲတွင် ကချင်ပြည်နယ်ကိုယ်စားပြု ကရာတေးအသင်းသည် ငွေတံဆိပ်နှင့် ကြေးတံဆိပ်များဆွတ်ခူးရရှိခဲ့ပြီး ယမန်နေ့မွန်းလွဲပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိရာ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုပန်းကုံးဖြင့် ကြိုဆိုကြပြီး ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)