ပါရီ  ဖေဖော်ဝါရီ 

 

မကြာသေးမီက တွေ့ရှိခဲ့သည့် ရှာဖွေတွေ့ရှိမှုအရ   ဂြိုဟ်သိမ်တစ်ခုသည် ကမ္ဘာကိုဝင်တိုက်ရန် အလား အလာ ၂ ဒသမ ၂ ရာခိုင်နှုန်းရှိသည်ဟု ဥရောပ အာကာသအေဂျင်စီက ပြောသည်။

 

၂၀၂၄ ဝိုင်အာ ၄ ဟု အမည်ပေးထားသည့် ဂြိုဟ်သိမ်ကိုလွန်ခဲ့သည့်နှစ်  ဒီဇင်ဘာ ၂၇ ရက်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဂြိုဟ်သိမ်သည် ၄၀မှ ၉၀ မီတာအထိ ကျယ်ဝန်းသည်ဟု ခန့်မှန်းထားသည်။ နောက်ဆက်တွဲ လေ့လာဆန်းစစ်မှုများကို နက္ခတ္တဗေဒပညာရှင်များက လုပ်ဆောင်လျက် ရှိသည်။ ၂၀၃၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ကမ္ဘာမြေ သို့ ဂြိုဟ်သိမ်ကျရောက်နိုင်ခြေ ၂ ဒသမ ၂ ရာခိုင်နှုန်း ရှိသည်ဟု ၎င်းတို့က ပြောသည်။

 

ဥရောပအာကာသအေဂျင်စီသည် ကမ္ဘာမြေသို့ ချဉ်းကပ်နိုင်သည့် ဂြိုဟ်သိမ် ၁၇၀၀ ကျော်ကို ခြေရာ ခံခဲ့သည်။ ၂၀၂၄ ဝိုင်အာ ၄ ဂြိုဟ်သိမ်မှာ လက်ရှိတွင် အန္တရာယ်အရှိဆုံးစာရင်းထိပ်ဆုံးတွင် ရှိသည်။ ဤမျှအရွယ်အစားရှိသော ဂြိုဟ်သိမ်သည် ဒေသတစ်ခုကို ဆိုးဆိုးရွားရွား ပျက်စီးစေနိုင်ကြောင်း ဥရောပ အာကာသအေဂျင်စီက ပြောသည်။ ဂြိုဟ်သိမ်ဂြိုဟ်မွှားများကို ရေရှည်ကြည့်ရှုလေ့လာခြင်းဖြင့် နက္ခတ္တဗေဒပညာရှင်များသည် ၎င်းတို့၏ လမ်းကြောင်းများကို သဘောပေါက်လာပြီး ထိခိုက်မှုများကို ရှောင်ရှားနိုင်ရန် အခွင့်အရေးရှိကြောင်း ဥရောပအာကာသအေဂျင်စီက ပြောသည်။

 

နိုင်ငံအသီးသီးသည် ဂြိုဟ်သိမ်ဂြိုဟ်မွှား ကျရောက်ခြင်းအတွက် ဖြစ်နိုင်ခြေရှိသည့် ကာကွယ် ရေးအစီအမံများကို လေ့လာနေကြသည်။ ၂၀၂၂ ခုနှစ်တွင် အမေရိကန်အာကာသအေဂျင်စီ နာဆာသည် အာကာသယာဉ်ကို အသုံးပြုပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုကို လမ်းကြောင်းပြောင်း နိုင်မည့် စမ်းသပ်မှုကို လုပ်ဆောင်ခဲ့သည်။ 

 

အင်န်အိတ်ချ်ကေ