၂၀၅၀ အရောက်မှာ ကမ္ဘာ့မြို့ကြီးတွေမှာ အပူချိန်က သိသိသာသာ မြှင့်တက်မယ်

၁၂ ဇူလိုင်

 

၂၀၅၀ ခုနှစ်အရာက်မှာ လန်ဒန်၊ ပဲရစ်၊ စတော့ဟုမ်း နဲ့ မော်စကို မြို့တွေရဲ့ အပူချိန်ဟာ ၁၀ ဒီဂရီ စင်တီဂရိတ် ကနေ ၂၅ ဒီဂရီစင်တီဂရိတ်အထိ ရှိလာမယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ဝေတဲ့ သိပ္ပံဂျာနယ် PLOS ONE မှာ ဖော်ပြထားပါတယ်။ 

 

ကမ္ဘာ့အပူပိုင်းအတွင်းရှိ မြို့တော်တွေဖြစ်တဲ့ ကွာလာလမ်ပူ၊ ဂျာကာတာနဲ့ စင်ကာပူနိုင်ငံတွေမှာတော့ ရာသီဥတုက အလွန်ပြင်းထန်ပြီး မိုးနည်းတာနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။


 
ကမ္ဘာတစ်ဝန်းက အဓိက မြို့ပေါင်း ၅၂၀ ရဲ့ ရာသီဥတုကို လေ့လာရာတွင် အချက် ၁၉ ချက်ကို မူတည်ပြီး အခုလို ထုတ်ပြန်ချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

 

အီကွေတာနဲ့ နီးတဲ့ နိုင်ငံတွေဟာမှာ အပူချိန်က သိသိသာမပြောင်းပေမယ့် မိုးခေါင်ခြင်း နဲ့ မိုးအလွန်ရွာခြင်းတွေကို တွေ့ရမှာဖြစ်ပါတယ်။ 

 

ကမ္ဘာ့ရဲ့ ၇၇ ရာခိုင်နှုန်းသော မြို့တွေမှာ ရာသီဥတုက အပြောင်းအလဲက ပြင်းပြင်းထန်ထန် ဖြစ်တာမျိုးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ၂၂ ရာခိုင်နှုန်းသော မြို့တွေမှာတော့ ဘယ်တုန်းက မတွေ့ဘူး၊ မကြုံဖူးတဲ့ ကောင်းမွန်တဲ့ ရာသီဥတုကို ရရှိမှာဖြစ်ပါတယ်။ 

 

လာမည့် နှစ်သုံးဆယ်မှာ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲဟာ လူသားတွေရဲ့ လုပ်ဆောင်မှုတွေကြောင့်သာ အပြောင်းအလဲဖြစ်မယ်။ အဲဒီအတွက် လူသားတွေက ရာသီဥတုအပြောင်းလဲကို ထိန်းညှိဖို့ လုပ်ဆောင်ရန် ပျက်ကွက်နေသေးကြောင်း ရေးသားထားပါတယ်။ 

 

MDN 

 

ကိုးကား - AFP