နေပြည်တော် ၁ နိုဝင်ဘာ
ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ယနေ့ ဖွင့်လှစ်သည့် (၂၁) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် သိန်းတစ်သောင်းဆုမဲမှာ (ယ - ၅၃၉၃၅၄) ဖြစ်သည့် နံပါတ်ဖြင့် ဆွတ်ခူးရရှိခဲ့သည်။
ယင်းဆုကို ခိုင်ရွှေဝါထီဆိုင်မှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ကံထူးရှင်သည် ပခုက္ကူ ခိုင်ရွှေဝါ ထီဆိုင်ကိုယ်စားလှယ် ဦးကျော်နိုင်ဖြစ်ပြီး လက်ကျန်ထီ ၁၂ သိန်းဖိုးထဲက ဆယ်စောင်တွဲ တစ်တွဲမှ သိန်းတစ်သောင်းဆုကို ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၁ ကြိမ်မြောက် သိန်းတစ်သောင်း ကံထူးရှင် ဦးကျော်နိုင်သည် ပခုက္ကူမြို့ သီရိရတနာလမ်းတွင် နေထိုင်သူဖြစ်ပြီး ထီရောင်းချခြင်းကို လွန်ခဲ့သည့် နှစ် ၃၀ ကတည်းက ရောင်းချခဲ့ခြင်းဖြစ်ပြီး ထီကိုယ်စားလှယ်သက်တမ်းအတွင်း ထီဆုအသေးများကိုသာ ပေါက်ခဲ့ဖူးခြင်းဖြစ်ပြီး ယခုအကြိမ်မှသာ သိန်းတစ်သောင်းဆုကြီးကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#MRTV


