ဝူဟန် နိုဝင်ဘာ ၁၇
ပင်လယ်ရပ်ခြားတရုတ်ရှေ့ဆောင်နှင့် တရုတ် ပြည်တွင်းဖွံ့ဖြိုးတိုးတက်ရေး (၂၂) ကြိမ်မြောက် ညီလာခံကို တရုတ်နိုင်ငံ ဟူပေပြည်နယ် မြို့တော်ဝူဟန်၌ နိုဝင်ဘာ ၁၆ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ တရုတ်နိုင်ငံနှင့် ပြည်ပမှ ဧည့်သည်တော် ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ပြည်ပရောက် တရုတ်နိုင်ငံသားများသည် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍ မှတစ်ဆင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အခြားနိုင်ငံများမှ သိရှိလာစေရန်အတွက်လည်း အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသောကြောင့် အဆိုပါဆောင်ရွက်မှုများအပေါ် အသိအမှတ်ပြုကြောင်း အဆိုပါညီလာခံဖွင့်ပွဲ အခမ်းအနားတွင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဝူဝီဟာက ပြောကြားသည်။
ယခုညီလာခံအား ၂၀၀၁ ခုနှစ်က စတင်ကျင်းပ ခဲ့ခြင်းဖြစ်ကာ ပြည်ပရောက်တရုတ်နိုင်ငံသားများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ