နေပြည်တော် ၂၇ နိုဝင်ဘာ
(၂၂)ကြိမ်မြောက် အာဆီယံအာမခံလုပ်ငန်း ကြီးကြပ်သူများအစည်းအဝေးနှင့် (၄၅)ကြိမ်မြောက် အာဆီယံအာမခံကောင်စီ အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် ဒုတိယဝန်ကြီးနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ (၂၂)ကြိမ်မြောက် အာဆီယံအာမခံလုပ်ငန်းကြီးကြပ်သူများ အစည်းအဝေးကို နံနက် ၁၀ နာရီခွဲတွင် ကျင်းပရာ အာဆီယံနိုင်ငံများမှ အာမခံလုပ်ငန်းကြီးကြပ်သူ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ထို့နောက် The ASEAN Cross Sectoral Coordinating Committee (ACSCC) – Disaster Risk Financing and Insurance (DRFI) Capacity Building Workshop ကိုလည်း မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။
ညနေပိုင်းတွင် Gala Dinner အားThingaha Hotel တွင် ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း အာဆီယံနိုင်ငံများမှ အာမခံလုပ်ငန်းကြီးကြပ်သူများနှင့် အာဆီယံအာမခံကောင်စီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်