နေပြည်တော် စက်တင်ဘာ ၁၅

 

(၂၃) ကြိမ်မြောက် အာဆီယံငွေပေးချေမှုစနစ်ဆိုင်ရာ လုပ်ငန်းကော်မတီ (Working Committee On Payment and Settlement System – WCPSS) အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် Video Conference ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် အာဆီယံဒေသတွင်း ငွေပေးချေမှုစနစ်များအချိန်နှင့်တစ်ပြေးညီ (Real Time) ချိတ်ဆက် ဆောင်ရွက်နိုင်ရေး၊ အာဆီယံစီးပွားရေးအသိုက်အဝန်း (၂၀၂၅) ဆိုင်ရာ Update အချက်အလက်များ၊ အာဆီယံ ဒေသတွင်း QR ဖြင့် အပြန်အလှန်ချိတ်ဆက် ပေးချေနိုင်မည့် Interoperable QR Code Framework ၊ BIS မှ အဆိုပြုတင်ပြသည့် လက်လီငွေပေးချေမှုများကို အချိန်နှင့်တစ်ပြေးညီ နိုင်ငံဖြတ်ကျော်ချိတ်ဆက်ဆောင်ရွက် နိုင်မည့် Innovative Hub စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)