နေပြည်တော် အောက်တိုဘာ ၉

 

၂၀၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက်  မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့များသည် ယနေ့ နံနက်ပိုင်းမှ စတင်၍ တည်းခိုနေထိုင်ကြမည့် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေစခန်းသို့ ရောက်ရှိကြသည်။

 

ထိုသို့ ရောက်ရှိကြလာကြသည့် ပြိုင်ပွဲဝင်အဖွဲ့များကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး သတ်မှတ်ထားသည့် တည်းခိုဆောင်များအလိုက် နေရာချထားပေးကာ စုဖွဲ့ပေးထားသည့် ဆပ်ကော်မတီများအလိုက် တာဝန်ရှိသူများက ပြိုင်ပွဲဝင်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရေးအတွက် ပြင်ဆင်ဆောင်ရွက်ပေးကြသည်။

 

mdn

 

(၂၃) ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့များတွင် ကချင်ပြည်နယ်မှ ၁၀၃ ဦး၊ ကယားပြည်နယ်မှ ၉၃ ဦး၊ ကရင်ပြည်နယ်မှ  ၁၁၀၊ ချင်းပြည်နယ်မှ ၇၇ ဦး၊ မွန်ပြည်နယ်မှ ၁၀၈ ဦး၊ ရခိုင်ပြည်နယ်မှ ၁၀၀၊ ရှမ်းပြည်နယ်မှ ၁၁၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၃၉ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၁၈၇ ဦး၊ မကွေးတိုင်းဒေသ ကြီးမှ ၁၇၀၊ မန္တလေးတိုင်းဒေသကြီးမှ ၂၂၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၂၅၂ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ၂၀၃ ဦးတို့ ရောက်ရှိကြပြီး တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင် ၁၄၆ ဦးသည်လည်း အောက်တိုဘာ ၁၀ ရက်နေ့တွင် ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

 

ပြန်ကြားရေးဝန်ကြီးဌာနက ပြိုင်ပွဲဝင်အဖွဲ့များ အနားယူနေချိန်အတွင်း သုတ၊ ရသ၊ ကဏ္ဍစုံလင်စွာ ပါဝင်သည့် စာအုပ်၊ စာပေများ ဖတ်ရှုနိုင်သည့် စာကြည့်တိုက်ကို အုပ်ချုပ်မှုအဆောင်၌ ဖွင့်လှစ်ထားသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာနကလည်း ပြိုင်ပွဲဝင်အဖွဲ့များ  ကျန်းမာရေးကိစ္စ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် အနောက်တိုင်း ဆေးခန်းနှင့် တိုင်းရင်းဆေးခန်းတို့ ဖွင့်လှစ်ထားသည်ကိုလည်း တွေ့ရသည်။

 

သတင်း - မျိုးဆက်သစ်

ဓာတ်ပုံ - ဟိန်းအောင်