မအူပင် အောက်တိုဘာ ၂၉
(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးနှင့်ဗဟိုအဆင့်) ပြိုင်ပွဲများတွင် မအူပင်ခရိုင်ကိုယ်စားပြု ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို အောက်တိုဘာ ၂၈ ရက်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက စကားပြောကြားပြီး မအူပင်ခရိုင် အနေဖြင့် ဗဟိုအဆင့်ဒုတိယဆုရရှိသော ဆုဖလားအား အဖွဲ့ခေါင်းဆောင် ဦးကျော်ဝင်းစိုးက ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ပါသည်။ ဆက်လက်၍ ဆုရရှိသူ များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ပါသည်။
မအူပင်ခရိုင်အနေဖြင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၆)ခု၊ ငွေတံဆိပ် (၃)ခု၊ ကြေးတံဆိပ် (၂)ခု ရရှိခဲ့ပြီး ဒုတိယဆုငွေဖလားအား ရရှိခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)