နေပြည်တော် အောက်တိုဘာ ၁၆

 

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ဗဟိုအဆင့်) ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာ အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

 

ယနေ့တွင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းအဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Signing Room ၌ ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသား ပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” သီချင်းဖြင့်လည်းကောင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ပြန်လည်ထူထောင်ရေး” သီချင်းဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “မဟာဗန္ဓုလ” သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီး ပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကောင်းစားတော့မည်” သီချင်းဖြင့်လည်းကောင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “တပင်ရွှေထီး” သီချင်းဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “လှေပွဲ” သီချင်းဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြသည်။

 

mdn

 

မြန်မာအကအခြေခံ ကဗျာလွတ်အက (ပထမအဆင့်)ပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Plenary Hall ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ မယမင်းအောင်နှင့်အဖွဲ့၊ ရန်ကုန်တိုင်း ဒေသကြီးမှ မမှူးသက်သခင်နှင့်အဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီးမှ မလှိုင်းသဇင်နှင့်အဖွဲ့၊ ပဲခူးတိုင်း ဒေသကြီးမှ မမေသူသူကျော်နှင့်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီးမှ မပြည့်ပြည့်ဝင်းနှင့်အဖွဲ့၊ ကယားပြည်နယ်မှ မမိုးထက်နေခြည်နှင့်အဖွဲ့၊ မကွေးတိုင်းဒေသကြီးမှ မအိမ့်ကြိုးကြာနှင့်အဖွဲ့၊ ရှမ်းပြည်နယ်မှ မဝိုင်းချစ်ထွေးနှင့်အဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးမှ မသီရိတင်နှင့်အဖွဲ့၊ မွန်ပြည်နယ်မှ မရတနာဝင်းထွဋ်နှင့်အဖွဲ့၊ ကချင်ပြည်နယ်မှ မထူးအိမ့်ကျော်နှင့်အဖွဲ့၊ ကရင်ပြည်နယ်မှ မနန်းသဇင်အေးနှင့်အဖွဲ့နှင့် ရခိုင်ပြည်နယ်မှ မချိုဇင်ဝင်းနှင့်အဖွဲ့တို့က အခြေခံကဗျာလွတ် ကကြိုးကကွက်များကို အဖွဲ့လိုက် ညီညာလှပ ကျွမ်းကျင်ပိုင်နိုင်စွာ ကပြယှဉ်ပြိုင်ကြသည်။

 

mdn

 

မွန်တိုင်းရင်းသားရိုးရာအကပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Plenary Hall ၌ ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အကအဖွဲ့များကို မွန်တိုင်းရင်းသားရိုးရာ ကကြိုး၊ ကဟန်များ သင်ကြားပေးခဲ့သည့် မွန်ပြည်နယ်၊ မိတင်ချိုအေး အကအဖွဲ့မှ အကဆရာမများက မွန်အက၊ မွန်ဟန်ကကွက်များကို စံပြအကအနေဖြင့် ကပြကြသည်။

 

ထို့နောက် မွန်တိုင်းရင်းသားရိုးရာအက အလွတ်တန်းပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကယား ပြည်နယ်မှ ဒေါ်စုလတ်ထွန်းနှင့်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီးမှ မခိုင်ဇင်သက်နှင့်အဖွဲ့၊ ကရင်ပြည်နယ်မှ မိအေးဆုပန်နှင့်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးမှ ဒေါ်သိမ့်နန္ဒာထက်နှင့်အဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီးမှ မသိုက်ထောနှင့်အဖွဲ့၊ ပဲခူးတိုင်းဒေသကြီးမှ မသင်းမာထွေးနှင့်အဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မပန်းနံ့သာနှင့်အဖွဲ့၊ မကွေးတိုင်းဒေသကြီးမှ မသီရိဇော်နှင့်အဖွဲ့၊ ချင်းပြည်နယ်မှ မနန်းမူခန့် (ခ) နဲနဲလိုနှင့်အဖွဲ့၊ ရှမ်းပြည်နယ်မှ မနန်းသူဇာလွင်နှင့်အဖွဲ့၊ ရခိုင်ပြည်နယ်မှ မခင်မိုးစန်းနှင့်အဖွဲ့၊ ကချင်ပြည်နယ်မှ ဒေါ်အေးအေးငြိမ်းနှင့်အဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးမှ မနန့်အိမြတ်ထက်နှင့်အဖွဲ့တို့က မွန်ပြည်နယ်၏ သဘာဝအလှတရားများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဖော်ကြူးထားသည့် “ဟင်္သာတို့ရဲ့ပျော်ရာမြေ” သီချင်းနောက်ခံဖြင့် လှပကျော့ရှင်းသည့် မွန်တိုင်းရင်းသားရိုးရာ ကကြိုး၊ ကကွက်များကို မွန်အလှ၊ မွန်ဟန်တို့နှင့် ပေါင်းစပ်ကာ ကပြယှဉ်ပြိုင်ကြသည်။

 

ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပရာ “ငါးပါဒအက္ခရာ”ဇာတ်တော်ကြီး ရုပ်စုံသဘင်အဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု မိုးပြည့်မြင့်မိုရ် ရုပ်စုံသဘင်အဖွဲ့က မြန်မာ့ ရိုးရာယဉ် ကျေးမှုအမွေအနှစ်များကို ဖော်ကျူးသည့် အကအလှများ၊ စကားပြောများဖြင့် တင်ဆက် ကပြ ယှဉ်ပြိုင်ကြသည်။

 

ဇာတ်တော်ကြီးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပရာ “ရာမာယဏ” ဇာတ်တော်ကြီး ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး ကိုယ်စားပြု မန်းရာမဇာတ်တော်ကြီးအဖွဲ့က မူရင်းရာမာယဏဇာတ်တော်ကြီး၏ တီးလုံး တီးချက်များကို မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြော ပညာရပ်များ၊ အကအလှများနှင့် အနုပညာ ရသမြောက် ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြသည်။

 

အရေးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ (ယဉ်ကျေးမှုရတနာခန်းမ) ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ထိန်းသိမ်းစို့လေ ရိုးရာအမွေ” ခေါင်းစဉ်ဖြင့် ဂီတရသ စုံလင်စွာ ဖော်ကျူးတေး ဖွဲ့ယှဉ်ပြိုင်ကြသည်။

 

ဂီတာပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) News Briefing Room ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မှိုင်းမှိုင်းမြ” (သီချင်းခံ) ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “တောမြိုင်စွန်းက လွမ်းအောင်ဖန်” (ယိုးဒယား) ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မြမြမောင်းမောင်း” (ပတ်ပျိုး) ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မှန်ရဝေ”(ပတ်ပျိုး) ဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသား ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မြိုင်ကြီးဟေမာ”(ယိုးဒယား) ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “တောနှင့်တောင်စွယ်” (ယိုးဒယား) ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စန္ဒကိန္နရီ” (ကာလပေါ်) ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စန္ဒကိန္နရီ” (ကာလပေါ်) ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ပွင့်ဦး” (ကာလပေါ်) ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသမီး ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ကျွန်းကျွန်းပိုင်သ” (ကြိုး) ဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။

 

နှဲပြိုင်ပွဲကို အမျိုးသားပြတိုက် (နေပြည်တော်)ရှိ Mini Theatre ၌ ကျင်းပရာ အဆင့်မြင့်ပညာ အဆင့် အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ကျွန်းကျွန်းပိုင်သ”(ကြိုး) ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ဂန္ဓမာရိပ်သာ”(ပတ်ပျိုး) ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်မှ ပြိုင်ပွဲဝင်က “ညို့ညို့ ဆိုင်းဆိုင်း” (ပတ်ပျိုး) ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကြံကြံဖန်ဖန်” (ယိုးဒယား) ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “မှန်ရဝေ”(ပတ်ပျိုး) ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ဟေမဝန်ချာ” (ဘွဲ့) ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “လေပြည်ဆော်သွင်းမြူး” (ယိုးဒယား) ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရွှန်းရွှန်းမြ” (သီချင်းခံ) ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ယမုန်နာ”(ပတ်ပျိုး) ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် ( အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စိမ်းလဲ့လဲ့ညိုပြာ” (ကြိုး) ဖြင့်လည်းကောင်း တီးမှုတ်ယှဉ်ပြိုင် ကြသည်။

 

ကွက်စိပ်ပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မဟော်သဓာဇာတ်တော်ကြီး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကေဒါရကျေးမင်း ဇာတ်တော်ကြီး” ခေါင်းစဉ် ဖြင့်လည်းကောင်း ဇာတ်တော်ကြီး၏ အနှစ်သာရနှင့် ဦးတည်ချက် ပေါ်လွင်အောင် နှုတ်မှုစွမ်းရည် ပြသဟောပြော ယှဉ်ပြိုင်ကြသည်။

 

ယနေ့ပြိုင်ပွဲများ ကျင်းပရာ နေရာအသီးသီးသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

 

၅ နှစ်ကျော်ကာလ ကြာမြင့်ပြီးမှ ခမ်းနားသိုက်မြိုက်စွာ နိုင်ငံတော်အဆင့် ပြန်လည်ကျင်းပနိုင်သည့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မှုသည် ယနေ့တွင် အောင်မြင်စွာ ပြီးဆုံးပြီဖြစ်ကြောင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာ စားပွဲတို့ကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်