နေပြည်တော် ဇန်နဝါရီ ၂၇ 

ပညာရေးဝန်ကြီးဌာန (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံကို  ပညာ‌ရေး ဝန်ကြီးဌာနက အမျိုးသားအဆင့်အဖြစ် Naypyitaw State Academy တွင် ဇန်နဝါရီ (၂၅)ရက်မှ(၂၇)ရက်အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ ဘာသာရပ်အ လိုက် သတ်မှတ်ထားသည့်အခန်းများ၌ သုတေသနစာတမ်းရှင်များက ဝိဇ္ဇာနှင့်သိပ္ပံသုတေသ နစာတမ်းများကို ဖတ်ကြားကြပြီး တက္ကသိုလ်အသီးသီးက သုတေသန ပိုစတာများနှင့် ပြကွက်များကို ခင်းကျင်းပြလျက်ရှိသည်။

အဆိုပါ သုတေသနစာတမ်းဖတ်ကြားနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

ယနေ့ကျင်းပလျှက်ရှိသည့် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံတွင် ပညာရေးဝန်ကြီးဌာနရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များနှင့် အခြားဝန်ကြီးဌာန(၆)ခုမှ ပညာရေး ဝန်ကြီးဌာနတွင် ပါရဂူကျမ်း လာရောက်ပြုစုနေသူ သုတေသီများက ယနေ့နံနက်ပိုင်းတွင် အင်္ဂလိပ်စာသုတေသန စာတမ်း(၇)စောင်၊ ဘာသာစကားသုတေသနစာတမ်း(၁)စောင်၊ ဓာတုဗေဒသုတေသနစာတမ်း (၅)စောင်၊ ရူပဗေဒသုတေသန စာတမ်း (၅)စောင်၊ သင်္ချာသုတေသနစာတမ်း(၄)စောင်၊ ကွန်ပျူတာသိပ္ပံသုတေသနစာတမ်း(၃)စောင်၊ အဏ္ဏဝါသိပ္ပံသုတေသနစာတမ်း(၃)စောင်၊ သဘာဝပတ်ဝန်းကျင်သုတေသန စာတမ်း(၃)စောင်၊ ရှေးဟောင်းသုတေသနစာတမ်း(၄)စောင်၊ မနုဿဗေဒသုတေသန စာတမ်း(၃)စောင်၊ နိုင်ငံတကာသုတေသနစာတမ်း(၅)စောင်၊ အရှေ့တိုင်း သုတေ သနစာတမ်း(၃)စောင်၊ ကုန်ထုတ်ဓာတုသုတေသနစာတမ်း(၄)စောင်၊ ခရီးသွား သုတေသနစာတမ်း(၃)စောင်၊ စာကြည့်သုတ သုတေသနစာတမ်း(၂)စောင်၊ သမိုင်း သုတေသန စာတမ်း(၇)စောင် တို့ကို စာတမ်းရှင်က ဖတ်ကြားခဲ့ကြပြီး ယနေ့တွင် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနစာတမ်း စုစုပေါင်း (၆၁)စောင် ဖတ်ကြားဆွေးနွေးကြရာ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

သတင်းစဉ်