နေပြည်တော် ၊ ဇန်နဝါရီ ၁

ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ယနေ့ ဖွင့်လှစ်သည့် (၂၃) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် သိန်း တစ်သောင်းဆုမဲသည် (ကဂ- ၄၀၆၁၀၄)နံပါတ်ဖြင့် ထွက်ရှိခဲ့ပါသည်။

ယင်းဆုကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ကံထူးရှင်သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၄၈x၄၉ လမ်းကြား၊ ဇီးအုပ်ကွက်သစ်တွင် နေထိုင်သူ မဝင်းဝင်းအိက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

#MRTV