(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော် အောက်တိုဘာ  ၁၄

 

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်) စတုတ္ထနေ့ကို     ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

 

ယခုနှစ်ကျင်းပသည့်   အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင်များ၏ အဆင့်သတ်မှတ် ချက်ကို    အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ ဝါသနာရှင် အဆင့် (ပထမတန်း)၊ ဝါသနာရှင် အဆင့်(ဒုတိယတန်း)နှင့် အဆင့်မြင့် ပညာအဆင့်ဟူ၍ သတ်မှတ်ထား ကြောင်း၊        ဆုချီးမြှင့်ရေးနှင့် ပတ်သက်၍လည်း ယခင်နှစ်များထက်ပိုမိုသည့် ဆုကြေးငွေများ ချီးမြှင့်နိုင်ရန်   ဆောင်ရွက်ထားကြောင်းနှင့် ဂုဏ်ပြုလက်မှတ်နှင့် ဆုတံဆိပ်များကို ပိုမိုတင့်တယ်မှုရှိစေရန်       စီစဉ်ထားကြောင်း သိရသည်။

 

ယနေ့တွင်      “မဟာဂီတ” တေးသီချင်းအဆိုပြိုင်ပွဲကို မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂)   Banquet Hall ၌ ကျင်းပရာ   ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲ တွင် ချင်းပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စက်လဲ ဘုံဘွေ”(ပတ်ပျိုး)ဖြင့် လည်းကောင်း၊      ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇမ္ဗူကျွန်းလုံး” (သီချင်းခံ)ဖြင့်     လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ပန်းမြိုင်လယ်” (ယိုးဒယား) ဖြင့် လည်းကောင်း၊   မန္တလေးတိုင်း ဒေသကြီးနှင့်  ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက  “စိန်ကြယ် ညီးလင်း”(မွန်) ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီး ပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊   ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ   ပြိုင်ပွဲဝင်များက “အောင်မြေမြမန်း”(ပတ်ပျိုး) ဖြင့် လည်းကောင်း၊   မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က “မြိုင်ခြေတစ်ခွင်”(ပတ်ပျိုး) ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်မှ ပြိုင်ပွဲဝင်က “ဘုန်းမိုးသွန်းလောင်း” (သီချင်းခံ) ဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် က “ပန်းဟေဝန်” (ယိုးဒယား) ဖြင့် လည်းကောင်း သာယာငြိမ့်ညောင်းသည့်   မြန်မာ့ဂီတရသကို ဖော်ကျူးသီဆို ယှဉ်ပြိုင်ကြသည်။

 

“ကာလပေါ်”   တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) Signing Room  ၌  ကျင်းပရာ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည် နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ချစ်ရတုထံတျာ” သီချင်းဖြင့် လည်းကောင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက     “စိမ်း” သီချင်းဖြင့် လည်းကောင်း၊   မွန်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက   “ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်” သီချင်းဖြင့် လည်းကောင်း၊      စစ်ကိုင်းတိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင်က “အမိုက်မလေးငှက်ငယ်”   သီချင်းဖြင့် လည်းကောင်း၊   တနင်္သာရီတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရွှေတိဂုံသမိုင်း” သီချင်းဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့်   မကွေး တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က   “တစ်ဆောင်းသစ်ပြန်ပြီ” သီချင်းဖြင့် လည်းကောင်း၊ အခြေခံ ပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲ တွင် ကချင်ပြည်နယ်၊ ကရင်ပြည် နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊    မန္တလေးတိုင်းဒေသကြီးနှင့်  ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဆုတောင်းပါလေ အိမ်သူဆွေ” သီချင်းဖြင့်လည်းကောင်း၊ မွန်ပြည်နယ်မှ ပြိုင်ပွဲဝင် က “ဖူးပွင့်ဝေစီဆယ့်နှစ်ရာသီ” သီချင်းဖြင့်  လည်းကောင်း၊  ရခိုင် ပြည်နယ်နှင့် ရန်ကုန် တိုင်းဒေသကြီးတို့မှ       ပြိုင်ပွဲဝင်များက “ရွှေပန်းချီကားတိုင်းပြည်” သီချင်းဖြင့်   လည်းကောင်း၊  အဆင့်မြင့် ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ကချင်ပြည်နယ်၊   စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က   “သည်နွေ၊     သည်မိုး၊ သည်ဆောင်း” သီချင်းဖြင့် လည်း ကောင်း၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင် များက “မြန်မာသာကီရဲသွေးနီ” သီချင်းဖြင့် လည်းကောင်း၊   မွန်ပြည်နယ်နှင့်      တနင်္သာရီတိုင်း ဒေသကြီးတို့မှ   ပြိုင်ပွဲဝင်များက “ဖူးရွှေလက်တင်”       သီချင်းဖြင့် လည်းကောင်း၊    ရှမ်းပြည်နယ်နှင့်  မန္တလေးတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက  “ဘုတ်တလုတ် ကန်” သီချင်းဖြင့် လည်းကောင်း ဖော်ကျူးသီဆို ယှဉ်ပြိုင်ကြသည်။

 

အကပြိုင်ပွဲကို  မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) Plenary Hall ၌ ကျင်းပရာ အဆင့်မြင့် ပညာအဆင့် အမျိုးသမီး ပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊   တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊   မန္တလေး တိုင်းဒေသကြီး၊   ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက ခေါင်း၊ ခါး၊  ခြေ၊  လက်   အချိုးအဆစ် ညီညာစွာအသုံးပြု၍ ငြိမ့်ညောင်းသည့်   ကကွက်များဖြင့်လည်းကောင်း၊   အခြေခံပညာ အဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည် နယ်၊   ကယားပြည်နယ်၊   ကရင် ပြည်နယ်၊   ချင်းပြည်နယ်၊   မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊   မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က  ခေါင်း၊ ခါး၊ ခြေ၊လက် အချိုးအဆစ်   ညီညာစွာအသုံးပြု၍ ကကြိုးကကွက် စုံလင်စွာဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြသည်။

 

ရုပ်သေးကြိုးဆွဲပြိုင်ပွဲကို မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂)   Plenary Hall  ၌ ကျင်းပရာ    ဝါသနာရှင်အဆင့် (ဒုတိယတန်း)အမျိုးသားပြိုင်ပွဲတွင် မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊   ပဲခူးတိုင်းဒေသ ကြီးနှင့်   ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက       “မင်းသား” ကြိုးဆွဲရုပ်သေးရုပ်ဖြင့်   လည်း ကောင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇော်ဂျီ”   ကြိုးဆွဲရုပ်သေးရုပ်ဖြင့်လည်းကောင်း ကကြိုးကကွက် စုံလင်စွာယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်များအားလုံး ယှဉ်ပြိုင်ရန် သတ်မှတ် ထားသည့်  “မင်းသမီး” ကြိုးဆွဲ ရုပ်သေးရုပ်ဖြင့် ဆက်လက်ယှဉ်ပြိုင်ကြသည်။ 

 

ဝါသနာရှင်အဆင့်   (ဒုတိယတန်း)   အမျိုးသမီးပြိုင်ပွဲတွင် ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊    ပဲခူးတိုင်းဒေသကြီးနှင့်   ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မင်းသား” ကြိုးဆွဲရုပ်သေးရုပ်ဖြင့် လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇော်ဂျီ” ကြိုးဆွဲ ရုပ်သေးရုပ်ဖြင့်   လည်းကောင်း ကကြိုးကကွက်   စုံလင်စွာဖြင့် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်များအားလုံး ယှဉ်ပြိုင်ရန် သတ်မှတ်ထားသည့် “မင်းသမီး” ကြိုးဆွဲ ရုပ်သေးရုပ်ဖြင့်လည်း ဆက်လက်ယှဉ်ပြိုင်ကြသည်။

 

ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲကို သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာ ခန်းမ၌ ကျင်းပရာ “ငါးပါဒအက္ခရာ” ဇာတ်တော်ကြီး  ရုပ်စုံသဘင်အဖွဲ့လိုက်    ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် မန္တလေး တိုင်းဒေသကြီး ကိုယ်စားပြု မန်းသိင်္ဂါရုပ်စုံ  သဘင်အဖွဲ့က မြန်မာ့ရိုးရာယဉ်ကျေးမှု  အမွေအနှစ်များကို   ဖော်ကျူးသည့် အကအလှများ၊ စကားပြောများ ဖြင့် တင်ဆက်ကပြ ယှဉ်ပြိုင်ကြသည်။   

 

ဇာတ်တော်ကြီး      ပြိုင်ပွဲကို  သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ ၌   ကျင်းပရာ   “ရာမာယဏ” ဇာတ်တော်ကြီး ဝါသနာရှင်အဆင့် (ပထမတန်း)     ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စား ပြု ဖျာပုံရာမာယဏဇာတ်တော် ကြီးအဖွဲ့က   မူရင်းရာမာယဏ ဇာတ်တော်ကြီး၏ တီးလုံးတီးချက် များကို     မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြော ပညာရပ်များ၊ အက အလှများနှင့် အနုပညာ ရသမြောက် ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြသည်။

 

အရေးပြိုင်ပွဲကို   သာသနာရေး နှင့်   ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ  ဝါသနာရှင်အဆင့် (ဒုတိယ တန်း) ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊     ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊   စစ်ကိုင်း တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မွေခံထိုက်စေ”   ခေါင်းစဉ်ဖြင့် ဂီတရသစုံလင်စွာ ဖော်ကျူးတေးဖွဲ့ ယှဉ်ပြိုင်ကြသည်။

 

ဒိုးပတ်ပြိုင်ပွဲကို  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ (လေ့ကျင့်ရေးဇာတ်ရုံ)၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင်   ဧရာဝတီတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်း ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်အဖွဲ့များက လည်းကောင်း၊     အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း)  ပြိုင်ပွဲတွင်   စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊   ရှမ်းပြည်နယ်နှင့်  မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်အဖွဲ့များကလည်းကောင်း၊       ဝါသနာရှင်အဆင့် (ဒုတိယတန်း)ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊   ချင်းပြည်နယ်နှင့်     ရန်ကုန်တိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်အဖွဲ့များက လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်အဖွဲ့များက လည်းကောင်း မြူးကြွသွက်လက်သည့် ဒိုးပတ် သံသာများဖြင့်  တီးခတ်ယှဉ်ပြိုင် ကြသည်။

 

ပတ္တလား      အတီးပြိုင်ပွဲကို အမျိုးသားပြတိုက်(နေပြည်တော်)ရှိ   Mini Theatre  ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ         ပြိုင်ပွဲဝင် များက   “ရဝိန်ဒေါင်းယာဉ်ပျံ” (ပတ်ပျိုး)ဖြင့်      လည်းကောင်း၊ ချင်းပြည်နယ်၊   ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့်   ပဲခူး တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က “ဆန်းဆန်းသဉ္ဇာကြာညောင်” (ယိုးဒယား) ဖြင့်  လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယား ပြည်နယ်နှင့်   မကွေးတိုင်းဒေသ ကြီးတို့မှ      ပြိုင်ပွဲဝင်များက “ပြည်ပြည်မင်းပေါင်း”(သီချင်းခံ) ဖြင့်  လည်းကောင်း၊   ဝါသနာရှင် အဆင့် (ဒုတိယတန်း) အမျိုးသမီး ပြိုင်ပွဲတွင်   ဧရာဝတီတိုင်းဒေသ ကြီးနှင့်   ရန်ကုန်တိုင်းဒေသကြီး တို့မှ    ပြိုင်ပွဲဝင်များက  “ရဝိန် ဒေါင်းယာဉ်ပျံ”(ပတ်ပျိုး)ဖြင့် လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ပြည်ပြည်မင်းပေါင်း” (ပတ်ပျိုး) ဖြင့်    လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသား ပြိုင်ပွဲတွင်   မန္တလေးတိုင်းဒေသ ကြီးမှ ပြိုင်ပွဲဝင်က “မြန်သပြေဗွေ တကျွန်းခြားမြေ”(ယိုးဒယား) ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှ   ပြိုင်ပွဲဝင်များက “ဆီးနှင်း ပြိုက်ကျ”(ကြိုး)ဖြင့်    လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က        “ညဉ့်သုံးယံခါ” (ပတ်ပျိုး) ဖြင့်   လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီး ပြိုင်ပွဲတွင်    ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင်များက “ဆီးနှင်းပြိုက်ကျ” (ကြိုး) ဖြင့် လည်းကောင်း၊  ရှမ်းပြည်နယ်မှ    ပြိုင်ပွဲဝင်က   “မြန်သပြေ ဗွေတကျွန်းခြားမြေ” (ယိုးဒယား) ဖြင့်လည်းကောင်း၊  ပဲခူးတိုင်းဒေသ ကြီးမှ ပြိုင်ပွဲဝင်က “ညဉ့်သုံးယံခါ” (ပတ်ပျိုး) ဖြင့် လည်းကောင်း၊ အခြေခံ ပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီး ပြိုင်ပွဲတွင် မကွေးတိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင်က  “ပြောင်ပြောင်နာဂိန်” (ကြိုး)ဖြင့်  လည်းကောင်း၊  ပဲခူးတိုင်းဒေသကြီးမှ   ပြိုင်ပွဲဝင်က “အတိုင်းမသိမင်္ဂလာ”(ဘွဲ့) ဖြင့် လည်းကောင်း၊    မွန်ပြည်နယ်မှ ပြိုင်ပွဲဝင်က “လူမနော”(ပတ်ပျိုး) ဖြင့် လည်းကောင်း ငြိမ့်ညောင်း သာယာစွာ   တီးခတ်ယှဉ်ပြိုင်ကြသည်။

 

တယော အတီးပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ   ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် မွန်ပြည်နယ်နှင့် မန္တလေး တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က “တောမြိုင်စွန်း”(ယိုးဒယား) ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ခိုင်ပန်းစုံ မှုန်မာလာ”   (ယိုးဒယား)ဖြင့် လည်းကောင်း၊  အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း)   အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင်များက “ဖြေလျော့ခွေ”(ပတ်ပျိုး) ဖြင့် လည်းကောင်း၊ အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း)   အမျိုးသမီးပြိုင်ပွဲတွင်  ရန်ကုန်တိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင် က  “မြနန္ဒာ” (ကာလပေါ်) ဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက     “ရွှေဘုန်းရွှေ ဘုန်းတော်လေတည့်မှ”(ကြိုး) ဖြင့် လည်းကောင်း၊ အခြေခံပညာ အဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင်  ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့မှ ပြိုင်ပွဲဝင်များက “စက်လဲ ပျော်ပါနိုင်”(ယိုးဒယား)ဖြင့် လည်း ကောင်း၊  ရန်ကုန်တိုင်းဒေသကြီး မှ ပြိုင်ပွဲဝင်က “မေတ္တာလွှမ်းခြုံ” (မြန်မာ့အသံအဖွဲ့) ဖြင့် လည်းကောင်း၊   အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇေယျာအောင်ချာ” (ကြိုး) ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင်    ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က   “ကောက်စိုက်မ” (စိန်ပါတီ)ဖြင့်      လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင်များက  “ဆန်းနွေဦး”(ယိုးဒယား)ဖြင့်  လည်းကောင်း၊   ဧရာဝတီ တိုင်းဒေသကြီးမှ    ပြိုင်ပွဲဝင်က “သိင်္ဂါရွှေရောင်” (ပတ်ပျိုး)ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ဆန်းနွေဦး”(ယိုးဒယား) ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ         ပြိုင်ပွဲဝင်က “ကောက်စိုက်မ”(စိန်ပါတီ) ဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာ အဆင့်   အမျိုးသားပြိုင်ပွဲတွင်  မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် က  “ဆန်းဆန်းသဉ္ဇာကြာညောင်” (မိုးဘွဲ့ယိုးဒယား) ဖြင့်   လည်း ကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် မန္တလေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသ ကြီးတို့မှ        ပြိုင်ပွဲဝင်များက “ဆန်းဆန်းသဉ္ဇာကြာညောင်” (မိုးဘွဲ့ယိုးဒယား) ဖြင့်    လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က  “စိမ်းလဲ့လဲ့ညိုပြာ” (ကြိုး)ဖြင့် လည်းကောင်း ယှဉ်ပြိုင် ကြသည်။

မယ်ဒလင်      အတီးပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) News Briefing Room   ၌   ကျင်းပရာ ဝါသနာရှင်အဆင့်   (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင်   ဧရာဝတီ တိုင်းဒေသကြီးမှ   ပြိုင်ပွဲဝင်က “မှုန်ပြာဝေ”(ယိုးဒယား)   ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီးမှ  ပြိုင်ပွဲဝင်က  “ပြည်ပြည် မင်းပေါင်း”(သီချင်းခံ)ဖြင့် လည်း ကောင်း၊ မွန်ပြည်နယ်မှ ပြိုင်ပွဲဝင် က       “ဘုန်းမိုးသွန်းလောင်း” (သီချင်းခံ) ဖြင့်   လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင်   ရန်ကုန် တိုင်းဒေသကြီးမှ     ပြိုင်ပွဲဝင်က “ပုံပမာ”(ကြိုး) ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် က     “ဘုန်းမိုးသွန်းလောင်း” (သီချင်းခံ) ဖြင့်     လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသား ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ဘုံဆောင်မြင့်” (ကြိုး) ဖြင့် လည်းကောင်း၊ အခြေခံပညာ အဆင့်  (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က   “ဘုံဆောင်မြင့်” (ကြိုး)ဖြင့် လည်းကောင်း ငြိမ့်ညောင်းသာယာ စွာ တီးခတ်ယှဉ်ပြိုင်ကြသည်။

 

ယနေ့ပြိုင်ပွဲများ   ကျင်းပရာ နေရာအသီးသီးသို့ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီး များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တိုင်းရင်းသားရေးရာဝန်ကြီး များ၊   လူမှုရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ          လာရောက် ကြည့်ရှု အားပေးခဲ့ကြသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏    ဦးတည်ချက်(၉)ရပ်တွင်   ပါဝင်သော  လူမှုရေး ဦးတည်ချက်ဖြစ်သည့် “တိုင်းရင်း သားလူမျိုးအပေါင်းတို့၏ ဓလေ့ ထုံးတမ်း   အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး”ဆိုသည့် ဦးတည် ချက်အတိုင်း (၂၃)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို   နိုင်ငံတော် အဆင့်အနေဖြင့် ခမ်းနားသိုက်မြိုက် စွာ ကျင်းပပေးလျက်ရှိသည်။

 

ဂုဏ်ယူဖွယ်ရာ     မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာပန်းခင်းကြီး ဟု တင်စားရမည့် မြန်မာရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ကျင်းပပေးခြင်းအားဖြင့် မြန်မာတိုင်းရင်းသားတို့၏    ကိုယ်ပိုင် အမျိုးသားရေး စရိုက်လက္ခဏာများနှင့် အဆင့်အတန်းမြင့်မားသည့်    လူမှုရေးစံနှုန်းများကို ဆက်လက်ထိန်းသိမ်း နိုင်ခြင်း၊  သိမ်မွေ့နက်ရှိုင်းသည့် မြန်မာမှု အနုပညာရပ်များကို လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်သွားမည့် မျိုးဆက် သစ်လူငယ်များစွာ ပေါ်ထွန်းလာခြင်း၊ အနာဂတ်မြန်မာ့လူ့အဖွဲ့ အစည်းအတွက် ယဉ်ကျေးမှုအမွေခံ    ပတ်ဝန်းကျင်ကောင်းတစ်ရပ်ကို ဖော်ထုတ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်