တိုင်းရင်းဆေးပညာသင်ကြားရေးဆိုင်ရာ အရည်အသွေးအသိအမှတ်ပြုနိုင်စေရန်၊ တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းဆေးဝါးများ ခေတ်စနစ်နှင့်အညီ ထုတ်လုပ်နိုင်စေရန်၊ အရည်အသွေး ပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်စေရန်နှင့် မြန်မာ့တိုင်းရင်းဆေးပညာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်အား လေးစားတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ (၂၃)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်း ရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန()၌ ကျင်းပသည်။

 

အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူ၊ တိုင်းရင်းဆေးထုတ်လုပ်သူများ၊ စာတမ်းဖတ်ကြားသူ၊ တိုင်းရင်းဆေးရုံများ၏ လုပ်ငန်း စွမ်းဆောင်ရည်ဆု ဆုရရှိသူနှင့် လာရောက်လေ့လာသည့် မြန်မာ့တိုင်းရင်းဆေးတက္ကသိုလ်မှ ကျောင်းသား တို့၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။

ကက

ဒေါက်တာစုစုဒွေး

(ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန)

အခုကျင်းပတဲ့ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲ ကတော့ ၂၃ ကြိမ်မြောက် ဖြစ်ပါတယ်။ ညီလာခံနဲ့ နှီးနှောဖလှယ် ပွဲမှာ စာတမ်းဖတ်ပွဲနဲ့ အဆိုပြုချက်များ တင်သွင်းခြင်းနှင့် ထောက်ခံဆွေးနွေးတင်ပြခြင်း နှီးနှောဖလှယ်ပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ စာတမ်းဖတ်ပွဲမှာ စာတမ်း ၁၃ စောင်ကို ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။ စာတမ်းဖတ်ပွဲမှာ တိုင်းရင်းဆေး ပညာဟာ ရိုးရာတိုင်းရင်းဆေးပညာဖြစ်တဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်းမှာရှိကြတဲ့ ရိုးရာ တိုင်းရင်းဆေးဆရာကြီးတွေရဲ့ ဆေးကုသမှုအနုပညာ ပျောက်ကွယ်မသွားအောင် တိုင်းရင်းဆေးပညာ ရပ်တွေအချင်းချင်းဖလှယ်ဖို့ ရည်ရွယ်ပြီး တိုင်းရင်းဆေးပညာရှင်တွေကို ဖိတ်ခေါ်ကာ စာတမ်းတွေကို ဖတ်ကြားတင်သွင်းသွားမှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံတစ်နိုင်ငံလုံးအနေနဲ့ ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ ရုံ၊ ခုတင် ၅၀ ဆံ့တိုင်းရင်းဆေးရုံ ရုံ၊ ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ၁၃ ရုံ၊ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ၂၃ ရုံ၊ ခရိုင်တိုင်ရင်းဆေးခန်း ၅၀၊ မြို့နယ် တိုင်းရင်းဆေးခန်း ၂၁၀ ဖွင့်လှစ်ပြီး ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါတယ်။ နှစ်စဉ်ကျင်းပလျက်ရှိတဲ့ ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲကနေ ရိုးရာတိုင်းရင်းဆေးတွေကို ထိန်းသိမ်း စောင့်ရှောက်နိုင်သလို ပြည်သူလူထုကိုလည်း ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်ဝတဲ့ တိုင်းရင်းဆေးရရှိပြီး အနီးကပ်စောင့်ရှောက်နိုင်အောင်၊  မြန်မာ့ရိုးရာတိုင်းရင်းဆေးကို ပြည်သူလူထုကြား ပျောက်ပျက်မသွားအောင် ကျေးလက်ဒေသအောက်ခြေအထိ တိုင်းရင်းဆေးပညာနဲ့ စောင့်ရှောက်ပေးနိုင် အောင် ဆောင်ရွက်လျက်ရှိပါတယ်။

ငင

ဒေါ်ပွင့်ဖြူဖြူသော်

(ဒုတိယတိုင်းရင်းဆေးမှူး၊ ၁၆ ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ထားဝယ်မြို့)

ကျွန်မအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအောက်တွင် မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီမှ ဦးဆောင်၍ တိုင်းရင်းဆေးပညာသင်ကြားရေး အရည်အသွေး အသိအမှတ်ပြုနိုင်ရေးအတွက် ဝိုင်းဝန်း ကြိုပမ်းဆောင်ရွက်ရန်အဆိုကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။ အရည်အသွေးအာမခံမှု အသိအမှတ်ပြုမှု ကဏ္ဍနဲ့ ပတ်သက်ပြီး အဆိုပြုချက် ချက်ပါဝင်ပါတယ်။ ဒီအဆိုပြုချက်မှာ မြန်မာနိုင်ငံဆေး ကောင်စီက တိုင်းရင်းဆေး ပညာသင်ကြားရေးအရည်အသွေး အသိအမှတ်ပြုကော်မတီနဲ့ သက်ဆိုင်ရာဆပ်ကော်မတီ တွေကို သက်ဆိုင်ရာပညာရှင်တွေနဲ့ ပါဝင်ဖွဲ့စည်းဖို့၊ Self Assessment Repor ပြင်ဆင်ဖို့အတွက် Internal Quality Assurance Team ကို တိုင်းရင်းဆေးတက္ကသိုလ်က ဖွဲ့စည်းဖို့၊ တိုင်းရင်းဆေးပညာ သင်ကြားရေး ဆိုင်ရာ အရည်အသွေးအသိအမှတ်ပြုမှုအတွက် တိုင်းရင်းဆေးပညာ သင်ကြားရေးစံနှုန်းတွေကို ရေးသား ပြုစုထားတဲ့ ပညာရေးစံနှုန်း () ခုကို အတည်ပြုဖို့၊ Standard (1) မှာ မြန်မာ့တိုင်းရင်းဆေး ပညာ ယဉ်ကျေးမှုအမွေ အနှစ်ဆိုင်ရာ ဆေးပညာတန်ဖိုးနဲ့ စပ်လျဉ်းပြီး ထပ်မံဖြည့်စွက်ဖို့၊ လက်ရှိ မြန်မာ့တိုင်းရင်း ဆေးပညာဘွဲ့(B.M.T.M) အစီအစဉ်အပြင် ဘွဲ့လွန် (M.M.T.M,Ph.D) နဲ့ အထူးပြုဘာသာရပ် (Specialties) တိုင်းရင်းဆေးပညာဒီပလိုမာ (Dip.T.Med) တိုင်းရင်းဆေးပညာလက်မှတ် (TM Certificate)နဲ့ စဉ်ဆက် မပြတ် တိုင်းရင်းဆေးဆရာများရဲ့ ပညာရပ်ဆိုင်ရာ အရည်အသွေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေကို အဆင့်ဆင့်ဆောင်ရွက်ဖို့နဲ့ Accreditation Standard (0 draft) ကို အသေးစိတ်ပြင်ဆင် ရေးဆွဲဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ငငန

ဦးအောင်စိုးလွင်

(ဆေးရုံအုပ်၊ ခုတင် ၅၀ ဆံ့တိုင်းရင်းဆေးရုံ၊ ပဲခူးမြို့)

ဒီနေ့ကျင်းပတဲ့ (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲမှာ တိုင်းရင်းဆေးရုံတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ဆု ပေးအပ်ချီးမြှင့်ရာမှာ ပဲခူးတိုင်းဒေသကြီး ခုတင် ၅၀ ဆံ့တိုင်းရင်းဆေးရုံအနေနဲ့ ပထမဆုရရှိပါတယ်။ ကျွန်တော်တို့ဆေးရုံမှာ အတွင်းလူနာ၊ ပြင်ပလူနာ၊ ကွင်းဆင်းလူနာတွေကို ဘက်ပေါင်းစုံကနေ အဆင်ပြေအောင် ဆောင်ရွက်ပေး ပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာဆိုရင် အတွင်းလူနာ ၂၅၀၊ ပြင်ပလူနာ ၈၅၅၉ ဦး၊ ကွင်းဆင်းလူနာ ၉၈၇ ဦး စုစုပေါင်းဦးရေ ၁၀၀၀၀ ခန့်ကို တိုင်းရင်းဆေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပါတယ်။ အခုခေတ်မှာ တိုင်းရင်းဆေးနဲ့ တိုင်းရင်းဆေးဝါးတွေကို ပြည်သူလူထုက ယုံကြည်အားကိုးနေတဲ့ အနေအထားဖြစ်ပါတယ်။ ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲတွေကို နှစ်စဉ်ကျင်းပပေးတဲ့အတွက်  တိုင်းရင်းဆေး လောကသားတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ပွဲကြီးဖြစ်သလို ဒီပွဲမှာ တိုင်းရင်းဆေးဆရာကြီးတွေနဲ့ တွေ့ဆုံ ခွင့်ရပြီး ဆေးပညာဖလှယ်ခွင့်တွေလည်းရရှိခဲ့ပါတယ်။ ဒါ့အပြင်အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းမှာ မြန်မာ့တိုင်းရင်းဆေးပညာနဲ့ ပိုမိုစောင့်ရှောက်နိုင်အောင် တွေ့ဆုံဆွေးနွေးခွင့်ရတာ ဝမ်းသာ ဂုဏ်ယူမိပါတယ်။

ဆဆ

ဒေါ်ဇင်မာမြင့် (မိမိဇင်တိုင်းရင်းဆေးတိုက်)

ဒီနှစ် ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲကို ပထမဆုံးအနေနဲ့ မကွေးတိုင်းဒေသကြီးကနေ လာရောက်ပြသခြင်း ဖြစ်ပါတယ်။ မိမိဇင်ဆေးတိုက်ကနေ ထုတ်လုပ်တဲ့ဆေး ()မျိုးကို ခင်းကျင်းပြသထားပါတယ်။ ဆေး() မျိုးအနက် အာရုံကြောအားတိုးဆေးကတော့ ရောင်းအားအကောင်းဆုံးဆေးဖြစ်သလို အဓိကထားပြီး လာရောက်ပြသတာ ဖြစ်ပါတယ်။ တိုင်းရင်းဆေးကို ခေတ်အဆက်ဆက် သုံးစွဲလာကြတာဖြစ်တဲ့အတွက် အခုလည်း တိုင်းရင်း ဆေးတွေ ကို ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့ သုံးစွဲတာကို တွေ့ရပါတယ်။ မိမိဇင် တိုင်းရင်းဆေးတွေကို ထုတ်လုပ်ရောင်းချလာတာ သက်တမ်းအရ နှစ်ပဲရှိပါသေးတယ်။ အခုလို နိုင်ငံတော် အဆင့်ပွဲကြီးမှာ ပြသခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။

နန

ဦးအေးသိန်း (သူနှိုင်းထက်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)

နိုင်ငံတော်အဆင့်ပွဲကြီးမှာ ပထမဆုံးအနေနဲ့ မန္တလေးတိုင်းဒေသကြီးကနေ လာရောက်ပြသခြင်း ဖြစ်ပါ တယ်။ လာမယ့်နှစ်တွေမှာလည်း လာရောက်ပြသခွင့်ရရင် ပြသချင်ပါတယ်။ ကျွန်တော်အနေနဲ့ ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲမှာ သူနှိုင်းထက်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးကနေထုတ်လုပ်တဲ့ ဆေးအမျိုးအစား သုံးမျိုးလာ ရောက်ပြသတာဖြစ်ပါတယ်။ ဒီဆေးတွေကတော့ သိမ်းကမ္ဘာချောင်းဆိုး၊ ရင်ကျပ်ချွဲသလိပ်ပျော် လျက်ဆား၊ သိမ်းကမ္ဘာ ဝမ်းမှန်ဆေးနဲ့ သိမ်းကမ္ဘာ သွေးတိုးကျဆေးတို့ ဖြစ်ပါတယ်။  ဆေး ဆိုင်ဖွင့်ပြီး တိုင်းရင်းဆေးတွေကို ရောင်းချလာတာ နှစ် ၂၀ ရှိပါပြီ။ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး ပိုင်းကိုတော့ ခုမှ စတင်ဝင်ရောက်လာတာ တစ်နှစ်ကျော်ပဲရှိပါသေးတယ်။ တိုင်းရင်းဆေးတွေကို ငယ်စဉ်ကတည်းက ယုံယုံကြည်ကြည်နဲ့သုံးစွဲခဲ့ပြီး ကိုယ်တိုင်ထုတ်လုပ်သူအနေနဲ့ ဒီပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူ မိပါတယ်။ တိုင်းရင်းဆေးဝါးသုံးစွဲ သူတွေအနေနဲ့ မြန်မာ့တိုင်းရင်းဆေးဝါးတွေဟာ တိုင်းရင်းဆေးစစ်စစ်နဲ့ ဖော်စပ်ထားတဲ့အတွက် အကျိုးအာနိသင်ရှိပြီး ဆိုးကျိုးမရှိပါဘူး။

ငငမ

မောင်မြတ်ဝင်းသူ ( ဒုတိယနှစ် တိုင်းရင်းဆေးတက္ကသိုလ်)

ဒီနေ့ကျင်းပတဲ့ပွဲကို လေ့လာသူကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပထမဆုံးအကြိမ်လာ ရောက်လေ့လာတာပါ။ ခင်းကျင်းပြသထားတဲ့ နာမည်ကြီး တိုင်းရင်းဆေးဝါးတွေ၊ တိုင်းရင်းဆေးတွေရဲ့ ထုတ်လုပ်ပုံနဲ့ တိုင်းရင်းဆေး ရှေးသုံးနည်းအစဉ်အလာတွေ၊ ရေထွက်၊ တွင်းထွက်ပစ္စည်းတွေကို လေ့လာခဲ့ပါတယ်။ စာတမ်းဖတ်ပွဲမှာ စာတမ်းရှင် ဆရာ ဆရာမတွေဖတ်ပြသွားတဲ့ အသိပညာဗဟုသုတတွေကိုလည်း ရရှိပါတယ်။ စာတမ်း ဖတ်ပွဲမှာ ကချင်တိုင်းရင်းသားများရဲ့ GYAU N-Gun Tsi အရိုးကော်အားဆေးနဲ့ ကျားပေါ်ဆေး အကြောင်း ကိုတော့စိတ်ဝင်စားပြီး သဘောကျပါတယ်။ တိုင်းရင်းဆေးပညာရှင်ကြီးတွေနဲ့လည်း ညီလာခံမှာ မိသားစုတွေလို တွေ့ဆုံခွင့်ရတယ်။ ဒီလိုပွဲတွေကို နှစ်စဉ်နှစ်တိုင်းလုပ်ပေးစေချင်ပါတယ်။ အခုလိုလာရောက် လေ့လာပြီးရရှိလာတဲ့ အတွေ့အကြုံတွေကို သူငယ်ချင်းတွေနဲ့ကျောင်းမှာ ပြန်လည်ဝေမျှသွားမှာပါ။

တွေ့ဆုံမေးမြန်း-ဟိန်းမင်းစိုး / ဓာတ်ပုံ-HMS