ဗန်းမော် ၂၄ မတ်

 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် (၂၃ဝ)ကေဗွီ ဗန်းမော်-နဘား မဟာဓာတ်အားလိုင်း တည်ဆောက်စဉ် ထိခိုက်ပျက်စီးသွားသော သီးနှံပင်၊ နှစ်ရှည်ပင်များအတွက် နစ်နာမှုလျော်ကြေး (ဒုတိယအကြိမ်) ပေးအပ်ပွဲကို မတ် ၂၄ ရက် နံနက် ၁ဝ နာရီက ဗန်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

12

 

အဆိုပါပေးအပ်ပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်အားပို့လွှတ်ရေးစီမံကိန်း (မြောက်ပိုင်း)၊ စီမံကိန်းမန်နေဂျာရုံး(၁) ရွှေစာရံမှ ဗန်းမော်မြို့နယ်အတွင်း (၂၃ဝ)ကေဗွီ ဗန်းမော်-နဘားဓာတ်အားလိုင်း Foundation လုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ချဉ်းကပ်လမ်းဖောက်လုပ်ခြင်းကြောင့် နှစ်ရည်ပင်၊ သီးနှံပင်မျိုးစုံနှင့် ရာသီသီးနှံ ပျက်စီးမှုများအတွက် သက်ဆိုင်ရာ ခြံပိုင်ရှင်၊ တောင်သူများသို့ လျော်ကြေးငွေများ ဒုတိယအကြိမ်ပေးအပ်ခြင်း ဖြစ်သည်။ ထိုသို့ပေးအပ်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က ဗန်းမော်မြို့နယ် ကံကြီး၊ ကမ္ဘာနီ၊ စာဝတီး၊ ကောင်းတုံနှင့် စင်းခန်းကျေးရွာတို့မှ တောင်သူစုစုပေါင်း (၃၃)ဦးထံသို့ ၂ဝ၁၉-၂ဝ၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် လျော်ကြေးစုစုပေါင်းငွေကျပ် ၂၂၆၈ဝဝ၃၆ ကို သက်ဆိုင်ရာတောင်သူများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

ကိန်းဖြူ (ပြန်/ဆက်)