နေပြည်တော် အောက်တိုဘာ ၂၈
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ ပဉ္စမနေ့ကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စစ်မှန်သည့် မျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတို့ကို ဦးတည်ချက်ချမှတ်ကာ နိုင်ငံတော်ကို အေးချမ်းသာယာခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
တိုင်းပြည်၏ သမိုင်းကြောင်းရှည်လျားသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး စရိုက်လက္ခဏာများ အရှည်တည်တံ့စေရန် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး၊ နိုင်ငံသားအားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည့်ကိစ္စ ဖြစ်သည်။ မျိုးဆက်သစ်များအနေဖြင့် ယခုပြိုင်ပွဲကြီးမှရရှိသည့် အောင်မြင်မှုများနှင့်အတူ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားကြရန်၊ အတူတကွ ပြိုင်ပွဲဝင်ခဲ့ကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရေး ဆက်လက်ကြိုးစား တည်ဆောက်သွားကြရန်၊ မိမိတို့ယဉ်ကျေးမှု၊ မိမိတို့ ဓလေ့ထုံးစံမှသည် မိမိတို့နိုင်ငံနှင့် မိမိတို့နိုင်ငံသားများအပေါ် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာရှင်သန်ရေးကို ဆက်လက်သယ်ဆောင် လက်ဆင့်ကမ်းသွားကြရန် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
ယနေ့တွင် “အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး” တေးသီချင်းအဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Signing Room ၌ကျင်းပရာ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “လုလင်ငယ်သွေး” သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သားချင်းများ ဆုံတွေ့သောအခါ” သီချင်းဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြသည်။
မြန်မာအကအခြေခံ ကဗျာလွတ်အက (ပထမအဆင့်)ပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ မဟေမာန်ဖြိုးနှင့်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီးမှ မဧကရီသူနှင့်အဖွဲ့၊ မွန်ပြည်နယ်မှ မယုဇနနှင့်အဖွဲ့၊ ကယားပြည်နယ်မှ မနန်းဖူးပြည့်စံသာနှင့်အဖွဲ့၊ ကရင်ပြည်နယ်မှ မမိဆုကြယ်စင်နှင့်အဖွဲ့၊ ရှမ်းပြည်နယ်မှ မလွင်လွင် ကျော်နှင့်အဖွဲ့၊ ကချင်ပြည်နယ်မှ မဇင်မေဝင်းနှင့်အဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးမှ မနွယ်နွယ်ဝင်းနှင့်အဖွဲ့၊ ပဲခူးတိုင်း ဒေသကြီးမှ မသူသူလှိုင်နှင့်အဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မဖြူစင်ဝင်းနှင့်အဖွဲ့၊ မကွေးတိုင်းဒေသကြီးမှ မနဒီ ရွှန်းလဲ့နှင့်အဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီးမှ မဖြိုးအိဇင်နှင့်အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးမှ မအေဏီကိုနှင့် အဖွဲ့တို့က အခြေခံကဗျာလွတ် ကကြိုးကကွက်များကို အဖွဲ့လိုက်ညီညာလှပ ကျွမ်းကျင်ပိုင်နိုင်စွာ ကပြယှဉ်ပြိုင် ကြသည်။
ရှမ်းတိုင်းရင်းသားရိုးရာအကပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall ၌ ကျင်းပရာ ဦးစွာ ရှမ်းပြည်နယ်ရိုးရာအကအဖွဲ့က ရှမ်းတိုင်းရင်းသားရိုးရာအကကို ရှမ်းအက၊ ရှမ်းဟန် ကကွက်များ ပေါင်းစပ်၍ စံပြအနေဖြင့် သရုပ်ပြ ကပြကြသည်။
ထို့နောက် ရှမ်းတိုင်းရင်းသားရိုးရာအက (အလွတ်တန်း)အဆင့်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကချင်ပြည်နယ်မှ မကေသွယ်စိုးနှင့်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီးမှ မနန်းဧကရီနှင့်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးမှ ဒေါ်ဖူးဖူးမော်နှင့်အဖွဲ့၊ ချင်းပြည်နယ်မှ မလဝန်းအိမ်နှင့်အဖွဲ့၊ ပဲခူးတိုင်းဒေသကြီးမှ မနန်းနှင်းနှင်းသဇင်လှိုင်နှင့်အဖွဲ့၊ ဧရာဝတီတိုင်း ဒေသကြီးမှ မအေးမြတ်သူနှင့်အဖွဲ့၊ မကွေးတိုင်းဒေသကြီးမှ မဆုလဲ့ရည်နှင့်အဖွဲ့၊ ကယားပြည်နယ်မှ ဒေါ်လဲ့လဲ့ထွန်း နှင့်အဖွဲ့၊ ရခိုင်ပြည်နယ်မှ မနွေးနွေးအောင်နှင့်အဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီးမှ မမေမြတ်မြတ်လင်းနှင့်အဖွဲ့၊ ကရင်ပြည်နယ်မှ မိရင်ရင်ဦးနှင့်အဖွဲ့၊ မွန်ပြည်နယ်မှ မခင်ရတနာဦးနှင့်အဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ မချောဆုပို နှင့်အဖွဲ့တို့က ရှမ်းပြည်နယ်၏ သဘာဝအလှတရားများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဖော်ကျူးထားသည့် ရှမ်းပြည်အလှ ရှမ်းတို့ရိုးရာအက သီချင်းနောက်ခံဖြင့် လှပကျော့ရှင်းသည့် ရှမ်းတိုင်းရင်းသားရိုးရာ ကကြိုး၊ ကကွက်များကို ရှမ်းအလှ၊ ရှမ်းဟန်တို့နှင့် ပေါင်းစပ်ကာ ကပြယှဉ်ပြိုင်ကြသည်။
ရုပ်သေးကြိုးဆွဲပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Banquet Hall ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် မွန်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက မင်းသားကြိုးဆွဲရုပ်သေးရုပ်၊ မင်းသမီးကြိုးဆွဲ ရုပ်သေးရုပ်တို့ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက မင်းသားကြိုးဆွဲ ရုပ်သေးရုပ်၊ မင်းသမီးကြိုး ဆွဲရုပ်သေးရုပ် တို့ဖြင့်လည်းကောင်း ကကြိုးကကွက်စုံလင်စွာဖြင့် အနုပညာရသမြောက် ဖော်ကျူးကပြ ယှဉ်ပြိုင်ကြသည်။
အရေးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဝါကျွတ်အခါမီ တူရာသီ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဗလငါးတန် ဒို့ရည်သန်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဂီတ ရသစုံလင်စွာ ဖော်ကျူးတေးဖွဲ့ ယှဉ်ပြိုင်ကြသည်။
ဂီတာအတီးပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) News Briefing Room ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဖြူပြာမူရာ” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “ဖြူပြာမူရာ” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သီလာမြေယံ”(ကြိုး) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သီလာမြေယံ”(ကြိုး) သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇေယျာအောင်ချာ” (ကြိုး) သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “နန်းဘုံသီဟာဘွေ” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသား ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရွှေလည်တိုင်” (ကာလပေါ်) သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ဆန်းဆန်းသဥ္ဇာကြာ ညောင်” (ယိုးဒယား) သီချင်းဖြင့်လည်း ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကန္တာတောခြေ” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီး ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မိုးသက်လေနှင်” (ကာလပေါ်) သီချင်းဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။
ပတ္တလားအတီးပြိုင်ပွဲကို အမျိုးသားပြတိုက် (နေပြည်တော်)ရှိ Mini Theatre ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြန်ချာမြေကို”(ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင် အဆင့်(ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “မှိုင်းမှိုင်းမြ” (သီချင်းခံ) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “ဂန္ဓာတောချေ” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မှန်ရဝေ” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဂန္ဓာတောင်” (ဘွဲ့) သီချင်းဖြင့် လည်းကောင်း ငြိမ့်ညောင်းသာယာစွာ တီးခတ်ယှဉ်ပြိုင်ကြသည်။
ဆိုင်းတစ်ဦးချင်းအတီးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “အတိုင်းမသိ ဘုန်းတော်” (ဘွဲ့) သီချင်းဖြင့် လည်း ကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ထွေထွေဆန်းဆန်း” (ယိုးဒယား) သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဆဒ္ဒန်အိုင်သာ” (သီချင်းခံ) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင် အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “ဆဒ္ဒန်အိုင်သာ” (သီချင်းခံ) သီချင်း ဖြင့် လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။
ကွက်စိပ်ပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဘုရားအလောင်းယုန်မင်း ဇာတ်တော်ကြီး”ခေါင်းစဉ်ဖြင့် ဇာတ်တော်ကြီး၏ အနှစ်သာရနှင့် ဦးတည်ချက် ပေါ်လွင်အောင် နှုတ်မှုစွမ်းရည် ပြသ ဟောပြောယှဉ်ပြိုင်ကြသည်။
ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပရာ ရုပ်စုံသဘင်အဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “ပညာရွှေအိုး” ဇာတ်တော်ကြီးဖြင့် ပဲခူးတိုင်း ဒေသကြီး ကိုယ်စားပြုမိုးပြည့်မြင့်မိုရ် ရုပ်စုံအဖွဲ့က မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ကျူးသည့် အကအလှများ၊ စကားပြောများဖြင့် တင်ဆက်ကပြ ယှဉ်ပြိုင်ကြသည်။
ဇာတ်တော်ကြီးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပရာ ဇာတ်တော်ကြီးအဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း)ပြိုင်ပွဲတွင် “မဟော်သဓာ” ဇာတ်တော်ကြီးဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုစစ်ကိုင်းတိုင်းဒေသကြီး မဟော်သဓာ ဇာတ်တော်ကြီးအဖွဲ့က မူရင်း မဟော်သဓာဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြော ပညာရပ်များ၊ အကအလှ များနှင့် အနုပညာရသမြောက် ပေါင်းစပ်ပြီးယှဉ်ပြိုင်ကြသည်။
ယနေ့ကျင်းပသည့် ပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများ၊ ဥပဒေချုပ်များ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်များ၏ အုပ်ထိန်းသူမိဘများက ပြိုင်ပွဲနေရာ အသီးသီး၌ လာရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ အတီးပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း (စောင်း၊ စန္ဒရား၊ ပတ္တလား၊ တယော၊ မယ်ဒလင်၊ ဂီတာ၊ ဒုံမင်း၊ နှဲ၊ ပလွေ၊ ဆိုင်း)တို့ကို မဲကျရာ သီချင်းများဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။ အိုးစည်၊ ဒိုးပတ်နှင့် ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် ပြိုင်ပွဲများတွင် သတ်မှတ်ပြိုင်ပွဲဝင် ဦးရေအတိုင်း၊ သတ်မှတ်အချိန်ကာလအတွင်း သတ်မှတ်ထားသည့် အစီအစဉ်များအတိုင်း ပါဝင်ယှဉ်ပြိုင်ကြရသည်။ ယခုနှစ်တွင် အိုးစည်၊ ဒိုးပတ်ပြိုင်ပွဲများကို ဝါသနာရှင်အဆင့်(ပထမတန်း)၊ ဝါသနာရှင် အဆင့်(ဒုတိယတန်း)၊ အဆင့်မြင့်ပညာအဆင့်နှင့် အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)တို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိကြပြီး ကျန်အတီးပြိုင်ပွဲများကို အဆင့်အားလုံးက ပါဝင်ယှဉ်ပြိုင်နိုင်ရန် ခွင့်ပြုထား ကြောင်း သိရသည်။
(သတင်းစဉ်)