၂၁ စက်တင်ဘာ
HBO ရဲ့ True Detective ဇာတ်ကားကိုရိုက်ကူးတဲ့ ဒါရိုက်တာ ဂျိုဂျီ ဖူကူနိတ်ခ်ျ ဟာနောက်ရိုက်မယ့် ဂျိမ်းစ်ဘွန်းဇာတ်ကားရဲ့ ဒါရိုက်အဖြစ် ရွေးချယ်လိုက်တယ်လို့ ကြာသပတေးနေ့ကပဲ ကြေငြာလိုက်ပါတယ်။
အသက် ၄၁ နှစ်အရွယ် အမေရိကန်တစ်ဦးဖြစ်တဲ့ ကယ်ရီဟာ ဗြိတိန်ဒါရိုက်တာ ဒန်နီဘွိုင်လီရဲ့နေရာမှာ အစားထိုး နေရာယူသွားမှာပဲဖြစ်တယ်။ ဗြိတိန်ဒါရိုက်တာ ဒန်နီဟာ လွန်ခဲ့တဲ့လကမှ ဂျိမ်းစ်ဘွန်းဒါရိုက်တာအဖြစ်ကနေ နုတ်ထွက်သွားခဲ့တာပါ။ ဂျိမ်းစ်ဘွန်းရဲ့ တရားဝင် တွစ်တာအကောင့်နဲ့ ဝဘ်ဆိုဒ်တို့မှာလည်း ကယ်ရီကို ဒါရိုက်တာအဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
ရိုက်ကူးရေးကိုတော့ မတ်လ ၄ ရက်နေ့မှာ စတင်မှာပဲဖြစ်တယ်။ ပိုင်းဝုဒ်စတူဒီယိုမှာ ၂၀၁၉ မတ်လ ၄ ရက်နေ့ကစပြီး ရုပ်ရှင်ရိုက်မယ်လို့လည်း မိုက်ကယ်ဂျီ ဝေလ်ဆန်၊ ဘာဘရာ ဘရိုကိုလီနဲ့ ဒင်နီရယ် ခရိတို့က ကြေညာခဲ့ပါတယ်။ တစ်ကမ္ဘာလုံးအနှံ့ ရုံတင်ပြသမယ့်ရက်ကိုတော့ ၂၀၂၀ ဖေဖေါ်ဝါရီ ၁၄ ရက်လို့ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ဟာ ဒါရိုက်တာ ကယ်ရီ နဲ့အတူ အလုပ်တွဲလုပ်ရမှာကို ဝမ်းသာပါတယ်။ သူ့ရဲ့တီထွင်ဆန်းသစ်နိုင်မှုဟာ ဂျိမ်းဘွန်းဇာတ်ကားအတွက် ကောင်းဆုံးသော ရွေးချယ်မှုဖြစ်မှာပါလို့ ဝေလ်ဆင်နဲ့ ဘရိုကိုလီတို့က ပြောပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ မင်းသားဒင်နီရယ် ခရိအတွင်ဘွန်းအဖြစ် သရုပ်ဆောင်တာ ငါးကားမြောက်နဲ့ နောက်ဆုံးဇာတ်ကားဖြစ်လာမှာပါ။
စီအင်န်အင်န်