ရန်ကုန် ဇန်နဝါရီ ၂၀
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ ရန်ကုန်မြို့တော်ဂေါက်ကွင်း ငွေသော်တာ ကလပ်ဟောက်(စ်)၌ ကျင်းပြုလုပ်သော (၂၆) ကြိမ်မြောက် မြို့တော်ဂေါက်ကွင်း နှစ်ပတ်လည် အသင်းသားများဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်၍ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်၊ ပါရမီလမ်း၊ ပြည် လမ်းနှင့် ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)အဝင်လမ်းအကြား လမ်းသားတိုးချဲ ကွန်က ရစ်ခင်းကျင်းနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်မြို့တော်ဂေါက်ကွင်းသို့ သွားရောက် ၍ ငွေသော်တာ ကလပ်ဟောက်(စ်)၌ ကျင်းပသော (၂၆) ကြိမ်မြောက် မြို့တော်ဂေါက် ကွင်းနှစ်ပတ်လည် အသင်းသားများဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပရေးဦးစီး ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်ပြီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက၊ ရန်ကုန်မြို့တော်ဝန်က (၂၆)ကြိမ်မြောက် မြို့တော်ဂေါက်ကွင်း နှစ်ပတ်လည်အသင်းသားများ ဂေါက်သီးရိုက်ပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများ ပူးပေါင်းဆောင်ရွက်ကြရန်၊ ပြိုင်ပွဲကုန်ကျစရိတ်များကို အတတ်နိုင်ဆုံး ချွေတာသုံးစွဲရန်၊ လုံခြုံရေး အထူးဂရုပြုရန်၊ ယခင်နှစ်က ကျင်း ပနိုင်ခဲ့ခြင်း မရှိသည့်အတွက် ယခုနှစ်တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားရန် ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲကျင်းပရေးဉီးစီးကော်မတီဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြိုင်ပွဲကျင်းပရေးနှင့် ဂေါက်ကွင်းပြင်ဆင်ရေးဆပ်ကော်မတီ၊ ရိုက်ချက်မှတ်တမ်းတင်ရေးဆပ်ကော်မတီ၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ဆုချီးမြှင့်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး ပြန်ကြားရေးနှင့်ဖျော်ဖြေရေးဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ ခုံသမာဓိ အတိုင်ပင်ခံအကြံပေးနှင့် တာလွှတ်ရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီတို့မှ ဆပ်ကော်မတီဥက္ကဋ္ဌများက ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြရာ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယကနှင့် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးညီညီတို့ က လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယကနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲကျင်းပပြုလုပ်မည့် ငွေသော်တာကွင်းနှင့် မြကန်သာကွင်းတို့တွင် ပြင်ဆင်ဆောင် ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ၂၆ ကြိမ်မြောက် မြို့တော်ဂေါက်ကွင်း နှစ်ပတ်လည်အသင်းသားများ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ရွှေအဆင့်၊ ငွေအဆင့်နှင့် ကြေးအဆင့်ဟု၍ အဆင့် ၃ ဆင့်ဖြင့် သတ်မှတ်ထားပြီး ရွှေအဆင့်ကို ဇန်နဝါရီ ၂၁ ရက် စနေနေ့နှင့် ငွေအဆင့်နှင့် ကြေးအဆင့်ကို ဇန်နဝါရီ ၂၂ ရက် တနင်္ဂနွေနေ့များတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၈ နာရီတွင် လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်၊ ပါရမီလမ်း၊ ပြည်လမ်းနှင့် ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) အဝင်လမ်း အကြား မူလ (၄)လမ်းသွားလမ်းအား (၆)လမ်းသွား ရရှိအောင် အရှည် ၉၇၀ ပေ၊ အကျယ် ၅၀ ပေ၊ အောက်ခံထု ၆ လက်မ၊ အပေါ်ထု ၉ လက်မဖြင့် လမ်းသားတိုးချဲ့ ကွန်ကရိခင်းကျင်းနေမှု၊ တိုးချဲ့လမ်းနှင့် အင်းလျားလေးကန်စပ်အကြား လူသွားစင်္ကြံ စက်ဘီးလမ်းပြုလုပ်ရန် မြေပြုပြင်နေမှု၊ အင်းလျားလေးကန်ပေါင် မြေညှိပြုပြင်နေမှု၊ မြေအောက်လျှပ်စစ် ဓာတ်အားလိုင်းများ သွယ်တန်းနေမှုနှင့် လမ်းမီးတိုင်များ ရွေ့ပြောင်းစိုက်ထူရန် ပြင်ဆင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)