လားရှိုး၊  ၂၁  ဇွန် 

လားရှိုးမြို့ လမ်းမတော်လမ်း သာသနာဗိမာန်တော်ကြီး၌ ဇွန်လ(၂၁)ရက် မွန်းလွဲ(၁)နာရီမှ စတင်၍ (၂၈)ကြိမ်မြောက် နိကာယ်စာမေးပွဲ ဝိဒူတန်းကိုစတင်ဖြေဆိုကြသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ စာဖြေဌာန၌ ဖြေဆိုကြသော (၂၈)ကြိမ်မြောက် နိကာယ် စာမေးပွဲ ဝိဒူတန်းကိုသံဃာတော်၊ သီလရှင် စုစုပေါင်း(၂၄၄)ပါးဝင်ရောက်ဖြေဆိုကြပြီး ကိုဗစ်(၁၉)ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီက စီစဉ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နိကာယ်စာမေးပွဲ ဝိဒူတန်းကို ဇွန်လ(၂၁)ရက်မှဇွန်လ(၂၆)ရက်နေ့အထိ နေ့စဉ်စာဖြေချိန်(၄)နာရီဖြင့် ဖြေဆိုသွားမည်ဖြစ်သည်။

လားရှိုးမြို့၌ ဇွန်လ(၂၁)ရက်နေ့အထိ ကန့်သတ်စောင့်ကြည့်မှုများပြုလုပ်ထားရှိသော လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ ပညာရေးဆိုင်ရာ သင်တန်းအချို့ကို စောင့်ကြည့်ကန့်သတ်မှုများပြုလုပ်ထားကြောင်းသိရှိရပြီး  လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိနေကြောင်း သိရှိရသည်။

ဟန်ဌေး(လားရှိုး)