နေပြည်တော် ဧပြီ ၂၉

၂ဝ၂၃ ခုနှစ် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ကျင်းပသည်။

ဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက လူရည်ချွန် အပန်းဖြေစခန်းဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် ၂ဝ၂၃ ခုနှစ် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊   ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်တို့ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဒုတိယပိုင်းအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏  ဩဝါဒစကား လမ်းညွှန်မှာကြားချက်များကို လေးစားလိုက်နာကျင့်ကြံနေထိုင်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊  လူရည်ချွန်လူငယ်မောင်မယ်များ လူရည်ချွန်စခန်းများတွင် စခန်းချနေထိုင်စဉ် ကာလအတွင်း ပညာရေးဆိုင်ရာ ဟောပြောပွဲများ၊ စာပေဗဟုသုတ နှီးနှော ဆွေးနွေးခြင်းများ၊ ပတ်ဝန်းကျင် ပြည်သူ့ဘဝ လေ့လာရေးနှင့် ဒေသလုပ်ငန်းများ၊ ဒေသထွက်ကုန်များနှင့် ဒေသခံများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ လက်မှုပညာများနှင့် ဒေသန္တရဆိုင်ရာ ဗဟုသုတများကို လေ့လာဆည်းပူးခွင့် ရရှိမည်ဖြစ်ကြောင်း။

လူရည်ချွန် လူငယ်မောင်မယ်များအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ စံနမူနာပြ လူငယ်များပေါ်ထွန်းလာစေရန်စသည့်အချက်များနှင့် ပြည့်စုံအောင်ကြိုးစားသွား ကြစေလို ကြောင်း၊ ဆက်လက်သင်ယူရမည့် ပညာရပ်နယ်ပယ်များတွင် ထူးချွန်ထက်မြက်အောင် ဆက် လက်အားထုတ်ကြိုးပမ်းကြရန်နှင့်တတ်မြောက်ထားသည့် အသိပညာအတတ်ပညာများဖြင့် မိမိတို့ ဒေသ၊ ဌာန၊ အဖွဲ့အစည်းကို ကောင်းမွန်စွာခေါင်းဆောင်မှု ပေးနိုင်သည့် အနာဂတ် နိုင်ငံတော်၏ ခေါင်းဆောင်ကောင်းဖြစ်အောင် ရည်မှန်းကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လူရည်ချွန် ကျောင်းသားတစ်ဦးကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က လူရည်ချွန်ကျောင်းသူတစ်ဦးကိုလည်းကောင်း၊  အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က လူရည်ချွန် မောင်မယ် ၂ ဦးကိုလည်းကောင်း  ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးအပ်ကြကြောင်း သိရသည်။

သတင်းစဉ်