နေပြည်တော် ၁၂ မတ်
၂၀၁၉ ခုနှစ် မတ် ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် ဝ၃ နာရီ၊ ၄၉ မိနစ်၊ ဝ၁ စက္ကန့်အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၄၅) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြို့၏ အနောက်တောင်ဘက် (၂၂) မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၈ ဒသမ ၃၁)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆ ဒသမ ၁၅) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
MDN