ကြို့ပင်ကောက် မေ ၁၅
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ၃ နှစ်မှ ၇ နှစ်အတွင်း ကလေးငယ်များအား ဆုံဆို့ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါကုသရေးကျန်းမာရေးဝန်ထမ်းများအဖွဲ့က မေလ ၁၅ ရက်နေ့ နံနက်ပိုင်းမှစတင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုံဆို့ရောဂါကာကွယ်ဆေးအား ၂ နှစ်၊ ၄နှစ်နှင့် ၆ နှစ်ကလေးငယ်များအားထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ယခုထိုးနှံပေးသောကာကွယ်ဆေးမှာ အပိုဆောင်းကာကွယ်ဆေးဖြစ်ကြောင်း ငယ်ရွယ်သော ကလေးငယ်ဘဝမှ ကာကွယ်ဆေးများအကြိမ်ပြည့်ထိုးနှံထားပါက ကူးရောဂါဘေးအန္တရာယ်များ၏ဒဏ်အား ခံနိုင်ရည်ရှိပြီး ကျန်းမာပျော်ရွှင်သော မိသားစုဘဝများကိုရရှိမည်ဖြစ်ကြောင်း တာဝန်ခံဆရာမတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ကြို့ပင်ကောက်မြို့တွင် ဆုံဆို့ရောဂါအပိုဆောင်းကာကွယ်ဆေးအား ၃ နှစ်မှ ၇ နှစ်အတွင်း ကလေးငယ် ၇၄၀ ဦးအားထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)