ရန်ကုန်   ၂၈   နိုဝင်ဘာ            

           

ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာလ (၃၀) ရက်နေ့မှ ဒီဇင်ဘာလ(၁၁) ရက်နေ့ အထိ ကျင်းပပြုလုပ်မည့် အကြိမ် (၃၀) မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြလေးစိန်၊ မြန်မာ့လက်ရွေးစင် (ဂွင်းသွင်းခတ်) ခြင်းလုံးအသင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီး အားကစား အဖွဲ့ချုပ်မှ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးနှင့် အမှုဆောင်များတို့သည်  ယနေ့ နံနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားရာ အားကစား နှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်နှင့် ပိုက်ကျော်ခြင်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်နှင့် အမှုဆောင်များက ပို့ဆောင် နှုတ်ဆက်ခဲ့ကြ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သိရှိရသည်။

 

2

 

MDN