ရန်ကုန်၊ မေ ၂၀
၂၀၂၂ ခုနှစ်၊ မေ (၁၂) ရက်မှ (၂၃) ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့နှင့် အခြား ဆက်စပ် မြို့များတွင် ကျင်းပပြုလုပ်နေသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားအဖွဲ့ တတိယ အသုတ်သည် ယနေ့ နံနက် (၁၀)နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာ့ လေကြောင်းစင်းလုံးငှား လေယာဉ် ဖြင့် ပြန်လည်ရောက်ရှိလာသည်။
အဆိုပါ အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း ဒေသကြီးစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မိဘပြည်သူများက ပန်းစည်းများဖြင့် ဂုဏ်ပြုကြို ဆို ကြသည်။
ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် အဖွဲ့ခေါင်းဆောင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့် ဦးနှင့်အတူ ငွေတံဆိပ်ဆု ရရှိခဲ့သည့် ပြေးခုန်ပစ်အားကစား နည်းမှ ခင်မာဆယ် (မီတာ ၁၀၀၀၀)၊ ဇင်မေထက် (လမ်းလျှောက်)၊ ဂျူဒိုအားကစားနည်းမှ နွယ်နီပွင့်လှိုင် (-၆၃)ကီလို၊ တိုက်ကွမ်ဒိုအားကစားနည်းမှ ဒေစီဦးဂျူလီယက် (-၄၉)ကီလို နှင့် ကြေးတံဆိပ်ဆုများ ရရှိခဲ့ကြ သည့် ပီတန်းအားကစားနည်း (Mixed Triple) ပြိုင်ပွဲမှ ထွေးကိုကို၊ တင်တင်ဝေ၊ ကံ့ကော်သန့်ဇင်၊ တိုက်ကွမ်ဒိုအားကစားနည်းမှှဇော်လင်းထက် (-၆၃)ကီလို၊ ထက်ဇော်လင်း (-၈၀)ကီလို ၊ ကျော်မင်းနိုင် (-၈၇)ကီလို ၊ ဗိုဗီနမ်အားကစားနည်းမှ ဇင်မာခိုင်(-၆၅) ကီလို ၊နှင်းသက်ဝေ (-၅၅)ကီလို၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ အောင်မျိုးနိုင် (Double Men) ၊ မြားပစ် အားကစားနည်း ပြည့်စုံနှင်း ၊သီတာနွယ်၊ ယမင်းသူ (Recurve Women Team ) တို့နှင့်အတူ အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ Kurash ၊ လှေလှော် ၊ ပီတန်း၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ မြားပစ်၊ သေနတ်ပစ်၊ ဗိုဗီနမ် ၊ အလေးမ၊ ဂျူဒို၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့ ၊ ဘိလိယက်နှင့်စနူကာ တို့မှ အားကစားအဖွဲ့များနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများ ပြန်လည် လိုက်ပါလာကြောင်း သိရသည်။
သတင်းစဉ်