ရန်ကုန်၊ ဒီဇင်ဘာ ၂၄
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင် လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူမှတ်တမ်းတင် သေနတ်ပစ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ အပြည်ပြည်ဆိုင်ရာသေနတ်ပစ် အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲသို့ တိုင်းဒေသကြီး အဖွဲ့ဝင်ဝန်ကြီးများ ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံသေနတ်ပစ် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်၍ အမျိုးသမီး (၂၅) မီတာအားကစား ပစ္စတိုပြိုင်ပွဲနှင့် အမျိုးသား မီတာ (၅၀) စိတ်ကြိုက်ပစ္စတိုပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းနား ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နည်းပညာ အကြံပေး ဦးဌေးလင်း က အမျိုးသား(၁၀)မီတာလေပစ္စတို ပြိုင်ပွဲတွင် ပထမဆုရ ရဲထွန်းနောင်၊ ဒုတိယဆုရ ကျော်စွာဝင်း ၊ တတိယဆုရ ဟန်မင်းထက် တို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေအကြံပေး ဒေါက်တာထွန်းထွန်းဝင်း က အမျိုးသား (၁၀)မီတာလေရိုင်ဖယ်ပြိုင်ပွဲတွင် ပထမဆုရ ကောင်းမြတ်စံ ရမှတ် ၊ ဒုတိယဆုရ မင်းဆက်ပိုင် ၊ တတိယဆုရ အောင်မိုးနိုင် တို့ကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က အမျိုးသား (၂၅)မီတာစံချိန်မီ ပစ္စတိုပြိုင်ပွဲတွင် တတိယဆုရ ဟန်မင်းထက် နှင့် အမျိုးသား မီတာ (၅၀) စိတ်ကြိုက် ပစ္စတိုပြိုင်ပွဲတွင် ပထမဆုရ လှိုင်ဝင်းစိုး ၊ ဒုတိယဆုရ ရဲထွန်းနောင် နှင့် တတိယဆုရ ကျော်စွာဝင်း တို့ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် က အမျိုးသမီး (၁၀)မီတာလေပစ္စတို ပြိုင်ပွဲတွင် ပထမဆုရ သူဇာဌေး ၊ ဒုတိယဆုရ ချစ်စိုးနွယ်နှင့် တတိယဆုရ သင်းသင်းဆွေ တို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း က အမျိုးသမီး (၁၀) မီတာ လေရိုင်ဖယ်ပြိုင်ပွဲတွင် ပထမဆုရ ဧမြတ်ရတနာဦး ၊ ဒုတိယဆုရ ဥမ္မာခိုင် ၊ တတိယဆုရ ကေဇင်ဝါဝါကို တို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး က အမျိုးသမီး(၂၅)မီတာ အားကစားပစ္စတို ပြိုင်ပွဲတွင် ပထမဆုရ သူဇာဌေး ရမှတ် ၊ ဒုတိယဆုရ သင်းသင်းဆွေ နှင့် တတိယဆုရ နီနီဝင်း တို့ကိုလည်းကောင်း ဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)