နေပြည်တော် မေ  ၁၁

 

 

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ခူရက်ရှ် Kurash အားကစားနည်း အမျိုးသမီး +87 ကီလိုတန်းမှ မအေးအေးအောင် က ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးနိုင် ခဲ့ကြောင်း သိရသည်။

 

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မေ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပမည်ဖြစ်ပြီး ယနေ့တွင် မြန်မာအသင်း၏ ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ခူရက်ရှ် Kurash အားကစားနည်း အမျိုးသမီး +87 ကီလိုတန်းမှ မအေးအေးအောင်မှ ဆွတ်ခူးပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ-အားကစားနှင့်လူငယ်ရေးရာ