ရန်ကုန်၊ ၁ ဇန်နဝါရီ
ဗီယက်နမ်နိုင်ငံ လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက်အရှေ့တောင် အာရှ အားကစားပြိုင်ပွဲနှင့် (နိုင်ငံတကာ ပြိုင်ပွဲများ) အတွက် Billiards (Men), Snooker (Men), 9Ball (Men/Women) ပဏာမ လက်ရွေးစင် ရွေးချယ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုပါက ပဏာမလက်ရွေးစင်အဆင့်ရှိသော အားကစားသမား များက မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သို့ ဖေဖော်ဝါရီ ၁၂ ရက် နောက်ဆုံးထား၍ ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဖုန်း-ဝ၉-၄၅၀ဝ၄၀ဝ၀၃၊ ဝ၉-၄၂၃၆၈၁၆၅၁ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
အာကာစိုး