ရန်ကုန် ဇန်နဝါရီ ၂၆
(၃၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အကောက်ခွန်နေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ အကောက်ခွန်ဦးစီးဌာန ဇေယျာသီဟခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် ၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ၊ မြန်မာ့အာမခံလုပ်ငန်း ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များ ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ ၊ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း ၊ အမှုထမ်းများ တက်ရောက်သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ ဒုတိယဝန်ကြီး နှင့် အကောက်ခွန်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် တို့က အဖွင့်အမှာစကား ပြောကြားကြ သည်။
အခမ်းအနား၌ အကောက်ခွန်ဦးစီးဌာနရှိ ဌာနခွဲများအလိုက် သင်တန်းထူးချွန်ဆု ရရှိ သူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ထောက်ပံ့ကြေးဆုရရှိသူများ ၊ ဌာနခွဲ အလိုက် ဝန်ထမ်းစွမ်းဆောင်ရည်ဆု ရရှိသူများ ၊ လုပ်ငန်းစွမ်းဆောင်ရည်ဆု (ချီးကျူးဂုဏ်ပြုဆု) ရရှိသူ များ ၊ ၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရရှိသူများ ၊ ဂုဏ်ပြု စစ်ရေး ပြတပ်ခွဲ ၊ ဂုဏ်ပြုမှတ်တမ်းတင် ရရှိသူများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ ဒုတိယဝန်ကြီးနှင့် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဆုများချီးမြှင့်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အကောက်ခွန် သမိုင်းပြတိုက်သို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)