ရန်ကုန် ၂၆  ဇွန်

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် (၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးများ ဖျက်ဆီးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ်ရပ်နားကွင်း၌ ပြုလုပ်ခဲ့သည်။

 

မီးရှို့ဖျက်ဆီးခြင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ ဖမ်းဆီးရမိသော ဘိန်း (၄၆) ကီလိုကျော်၊ ဘိန်းဖြူ (၂၃) ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား (၄၇) သန်းခန့်၊ အိုက်စ် (၂၉၈၂) ကီလိုကျော်၊ ဘိန်းစာမှုန့် (၃၀၄၂) ကီလိုခန့်၊ ကတ်သမင်း (၅၁၅) ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး (၂၆) မျိုးနှင့် ဓာတုပစ္စည်း (၂) မျိုးတို့၏ စုစုပေါင်းတန်ဖိုး မြန်မာကျပ်ငွေ ၂၀၈.၈၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၄ သန်းကျော်) အားဖျက်ဆီးခဲ့ကြောင်း သိရသည်။

#ရန်ကုန်သတင်းဌာနခွဲ

#MRTV