မကြာသေးမီက ဗီယက်နမ်အစိုးရကထုတ်ပြန်ခဲ့သည့် အမိန့်တစ်ရပ်အရ တရုတ်အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံမှ နိုင်ငံသားများမှာ ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ E-ဗီဇာ လျောက်ထားခွင့်ရရှိမည်ဖြစ်သည်။

 

mdn

 

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေသစ်တစ်ခုအရ သြစတြီးလျ၊ ဘယ်လ်ဂျီယမ်၊ ဘရာဇီး၊ တရုတ်၊ ခရိုအေးရှား၊ မက္ကစီကို၊ ကာတာ၊ ပါပူအာနယူးဂီနီနှင့် ဆွစ်ဇာလန်တို့ အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံမှ နိုင်ငံသားများမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ၂ နှစ်ကြာ ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ E-ဗီဇာ လျောက်ထားခွင့်ရရှိမည်ဖြစ် ကြောင်း အွန်လိုင်းသတင်းစာ VnExpress က ရေးသားဖော်ပြသည်။

 

နိုင်ငံမြောက်ပိုင်း တောင်ကုန်းထူထပ်ရာ Dien Bien ပြည်နယ်၊ နယ်စပ်ဂိတ်များ၊ နိုင်ငံအလယ်ပိုင်းရှိ Thanh Hoa နှင့် Quang Tri ပြည်နယ်များရှိ နယ်စပ်ဂိတ်များ၊ နိုင်ငံတောင်ပိုင်းရှိ Duong Dong ဆိပ်ကမ်းနှင့် နိုင်ငံအလယ်ပိုင်း Thua Thien Hue ပြည်နယ်ရှိ Chan May ဆိပ်ကမ်းများမှ E-ဗီဇာဖြင့် လူဝင်မှုကြီးကြပ်ရေးစ နစ်ကို ခွင့်ပြုတော့မည်ဖြစ်သည်။
     

လက်ရှိအချိန်တွင် ဗီယက်နမ်နိုင်ငံအတွင်းရှိ နယ်စပ်ဂိတ် ၁၆ ခုနှင့် ဆိပ်ကမ်း ၉ ခုတို့က E-ဗီဇာဖြင့် နိုင်ငံခြား သားများ ဝင်ရောက်ခွင့်ပြုကြောင်း ဗီယက်နမ်သတင်းဌာနက ဖော်ပြသည်။ 

 

ဇန်နဝါရီလအတွင်း ဗီယက်နမ်နိုင်ငံက ပြည်ပခရီးသွား ၁ ဒသမ ၅ သန်းကျော် လက်ခံခဲ့ပြီး ပြီးခဲ့သည့်နှစ် အ လားတူကာလထက် ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဗီယက်နမ် ခရီးသွားလုပ်ငန်း စီမံခန့်ခွဲရေးအဖွဲ့က ပြောကြားသည်။

 

၂၀၁၈ ခုနှစ်အတွင်း တရုတ်ခရီးသွား ၅ သန်းခန့် အပါအဝင် ပြည်ပခရီးသွား ၁၅ ဒသမ ၅ သန်းကျော် ဝင်ရောက်ခဲ့သည့် ဗီယက်နမ်နိုင်ငံက ၂၀၁၉ခုနှစ် အတွင်း ပြည်ပခရီးသွား ၁၈ သန်းနှင့် ပြည်တွင်းခရီးသွား ၈၅ သန်း ထိဆွဲဆောင်ရန် ကြိုးပမ်းလျက်ရှိသည်။ 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်