ဒမတ်စကတ် အောက်တိုဘာ ၁၀

ဆီးရီးယားသမ္မတ ဘတ်ရှာ အယ်အာဆတ်၏ ဦးလေးဖြစ်သူ ရီဖတ်အယ် အာဆတ်သည် ၃၇ နှစ်ကြာ နယ်နှင်ဒဏ် ပေးခံရပြီးနောက် ဆီးရီးယားနိုင်ငံသို့ ပြန်လာပြီဖြစ်ကြောင်း အောက်တို ဘာ ၈ ရက် ညပိုင်းတွင် အယ်ဝါတန် အွန်လိုင်းသတင်းစာတွင် ဖော်ပြထားသည်။

ဦးလေးဖြစ်သူပြန်လာနိုင်ရေးအတွက် သမ္မတ အာဆတ်က ခွင့်ပြုပေးခဲ့သည်ဟု ဖော်ပြထားသည်။ ရီဖတ်အယ်အာဆတ်သည် ဆီးရီးယားသို့ အောက်တိုဘာ ၇ ရက်တွင် ရောက်ရှိခဲ့ပြီး နိုင်ငံရေးနှင့် လူမှုရေးရာထူးများ ယူထားခြင်းမရှိဟု သိရသည်။

ပြင်သစ်တရားရုံးက ၎င်းကို ဘဏ္ဍာရေးပြစ်မှုဖြင့် ထောင်ဒဏ် လေးနှစ်ချမှတ်ပြီးနောက် ဆီးရီးယားနိုင်ငံသို့ ပြန်လာခြင်း ဖြစ်သည်။

၎င်းပိုင်ဆိုင်သည့် အမေရိကန်ဒေါ်လာ ၁၀၆သန်းနှင့် စပိန်နိုင်ငံရှိ ပိုင်ဆိုင်မှုများကိုလည်း ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခံခဲ့ရသည်။

ဆင်ဟွာ