နေပြည်တော်၊ ၁၀ ဒီဇင်ဘာ
(၃၇) ကြိမ်မြောက် ASSA Board Meeting ကို ကမ္ဘောဒီးယားနိုင်ငံမှ ဦးဆောင်၍ ယမန်နေ့ နံနက် ၇နာရီတွင် Virtual ဖြင့် ကျင်းပခဲ့ရာ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ် (၅) ဦး တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ၊ National Social Security Fund (NSSF) မှ ညွှန်ကြားရေးမှူးချုပ် Mr. Ouk Samvithyea ၊ ဘရူနိုင်းဒါရူစလမ်နိုင်ငံ Employee Trust Fund (ETF) မှ မန်နေဂျင်းဒါရိုက်တာ Mr. Haji Omar bin Mohd. Dali နှင့် ကမ္ဘောဒီးယားနိုင်ငံ အလုပ်သမား ရေးရာနှင့် သက်မွေးသင်တန်းကျောင်း ဝန်ကြီး၊ NSSF Governing Body ၏ ဥက္ကဋ္ဌ Dr. Ith Samheng တို့က အဖွင့်အမှာစကားပြောကြားကြသည်။
ယင်းနောက် Recorgnition Award ဆုပေးပွဲကို ကျင်းပရာ မြန်မာနိုင်ငံ လူမှုဖူလုံရေးအဖွဲ့မှ “The preparation and attempting of SSB, Myanmar for Continuous Improvement” ခေါင်းစဉ်ဖြင့် “Continuous Improvement Recognition Award” ဆု ရရှိခဲ့သည်။
ထို့နောက် ASSA Good Practices Session ကို ဆက်လက်ကျင်းပရာ “Coverage Expansion and Progress of NSSF” ခေါင်းစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံမှ လည်းကောင်း၊ “Implementation of Health Insurance for Workers in Informal Economy” ခေါင်းစဉ်ဖြင့် ဖိလစ်ပိုင်နိုင်ငံမှလည်းကောင်း၊ “Efficiency Communication” ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံမှ လည်းကောင်း၊ “Portability of Social Security Benefits for Migrant Workers” ခေါင်းစဉ်ဖြင့် ဖိလစ်ပိုင်နိုင်ငံမှလည်းကောင်း၊ “Implementation of Pension Scheme for Private Sector” ခေါင်းစဉ်ဖြင့် ဗီယက်နမ်နိုင်ငံမှလည်းကောင်း၊ “Gig Workers through Platform Providers” ခေါင်းစဉ်ဖြင့် မလေးရှားနိုင်ငံမှလည်းကောင်း Power Point presentation ပြုလုပ်၍ အတွေ့ အကြုံများ မျှဝေခဲ့ကြသည်။
အစီအစဉ်အရ Plenary Session ကို ကျင်းပခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ NSSF မှ ASS အတွင်းရေးမှူးချုပ်၊ NSSF ၏ မူဝါဒရေးရာဌာနမှ ညွှန်ကြားရေးမှူး Mr. Heng Sophannarith မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်းသိရသည်။
သတင်းစဉ်


