နေပြည်တော် ၇ ဖေဖော်ဝါရီ
မြန်မာစံတော်ချိန် ၁၅ နာရီ ၁၉ မိနစ် ၃၇ စက္ကန့် အချိန်တွင် မြစ်ကြီးနား မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့၏ အရှေ့တောင်ဘက် မိုင်(၃၂)ခန့် အကွာ) မြောက်လတ္တီတွဒ် ၂၅ ဒသမ ၉၄၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၉၄၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်းအားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
MDN