နေပြည်တော်  ၂၉  ဧပြီ

 

ယနေ့နံနက် မြန်မာစံတော်ချိန် ၁၀ နာရီ ၂၄ မိနစ် ၂၇ စက္ကန့်တွင် နမ့်စန်မြေငလျင်စခန်းမှ မြောက်ဘက် (၂၁) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (နမ့်စန်မြို့၏ မြောက်ဘက် (၂၁) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁ ဒသမ ၁၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇ ဒသမ ၈၀) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးဝေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

MDN