တောင်တွင်းကြီး ၃၀ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အုန္နဲတန်း၊ အင်းရွာကြီးကျေးရွာ နှစ်ရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေများဖြင့် ၄၀၀ ဗို့အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြီးစီးသွားပြီဖြစ်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အုန္နဲတန်းကျေးရွာတွင် လျှပ်စစ်မီးရရှိရေးအတွက် ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း ၈၁၆၅ ပေ သွယ်တန်း ခြင်းလုပ်ငန်းကို မြစိမ်းရောင်စီမံကိန်းမှ အတိုးရငွေကျပ် ၉ သန်း၊ ကျေးရွာမှ ပြည်သူထည့်ဝင်ငွေကျပ် သန်း ၂၆ ဒသမ ၈၀၅၀ ဖြင့်လည်းကောင်း၊ အင်းရွာကြီးကျေးရွာတွင် ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း ၅၇၀၀ ပေသွယ်တန်းခြင်း လုပ်ငန်းကို မြစိမ်းရောင်စီမံကိန်းမှ အတိုးရငွေကျပ် ၈ ဒသမ ၈ သန်း၊ ကျေးရွာမှ ပြည်သူထည့်ဝင်ငွေကျပ် ၁၇ ဒသမ ၁၅ သန်းတို့ဖြင့် ယခုနှစ် ဇွန်လဒုတိယပတ်က စတင် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင်လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ကျေးရွာနှစ်ရွာတွင် ၂၄နာရီ လျှပ်စစ်မီးများရရှိနေပြီဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် က ပြောသည်။
ငြိမ်းသူ