မန္တလေး  ၂၃  ဖေဖော်ဝါရီ

(၄၅)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့ နံနက် ၆ နာရီက မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ လမ်းရှိ မန္တလေး မြို့တော် စည်ပင်ရုံးရှေ့ စုရပ်နေရာ၌ ပြုလုပ်ခဲ့ပြီး စက်ဘီးစီးအားကစားသမား ၉၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

 

7

 

အဆိုပါ စုပေါင်းစက်ဘီးစီးနင်းပွဲသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအောင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးနှင့် ဌာနဆိုင်ရာများ၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်၊ ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် အမျိုးသမီးစက်ဘီးစီး အဖွဲ့ဝင်များ တိုင်းဒေသကြီးနှင့် မန္တလေးခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် အား/ကာတို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်မြို့တို့မှ စက်ဘီးစီးကလပ်အသင်းများမှ စက်ဘီးစီး အားကစားသမားများ၊ အားကာသိပ္ပံမှ စက်ဘီးစီးသမားများ၊ ကျောင်းသား ကျောင်းသူများ သက်ကြီး၊ သက်လတ်၊ သက်ငယ် စက်ဘီးစီ အားကစားဝါသနာရှင် ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

927

 

စုပေါင်းစက်ဘီးစီးနင်းပွဲတွင် ပါဝင်ဆင်နွှဲကြသည့် စက်ဘီးစီးအားကစား ဝါသနာရှင်ပြည်သူများအား စေတနာရှင် Revicon မှ အားဆေးများ၊ မုန့်များနှင့် ရေသန့်ဘူးများ ပေးဝေခဲ့သည်။

အဆိုပါ ပြည်သူလူထု စုပေါင်းစက်ဘီးစီးနင်းပွဲကို လစဉ်လ၏ နောက်ဆုံးပတ် စနေနေ့၊ တနင်္ဂနွေနေ့တွင် ကျင်းပလျက်ရှိရာ မည်သူမဆို မည်သည့်စက်ဘီးနှင့်မဆို ပါဝင်စီးနင်းဆင်နွှဲနိုင်ကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)