ရန်ကုန် ၁၇ ဒီဇင်ဘာ
ဂျပန်နိုင်ငံအစိုးရ၏ စီစဉ်ကြီးကြပ်မှုနှင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ အာဆီယံအဖွဲ့ဝင်(၁၁)နိုင်ငံမှ လူငယ် ၃၇၀ ကျော်တို့နှင့်အတူ ဂျပန်၊ ဗီယက်နမ်၊ စင်ကာပူ၊ မြန်မာ၊ မလေးရှားနိုင်ငံများသို့ သင်္ဘော ခရီးစဉ် (၄၆)ကြိမ်မြောက်အဖြစ် (၅၂)ရက်တာ လှည့်လည်သွားလာခဲ့ပြီး ခရီးစဉ်ပြီးဆုံး၍ အောင်မြင်စွာ ပြန်လည်ရောက်ရှိလာသော မြန်မာကျောင်းသားလူငယ်(၂၈)ဦးတို့၏ အတွေ့အကြုံ မျှဝေရှင်းလင်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ၆ မိုင်ခွဲပြည်လမ်းရှိ LOTTE Hotel နီလာခန်းမ ၌ ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက ကျင်းပခဲ့သည်။
အဆိုပါခရီးစဉ်တွင် မြန်မာလူငယ်များဘက်မှ ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သော မန္တလေးတက္ကသိုလ်မှ ဆရာမဒေါ်ငြိမ်းငြိမ်းလင်းက "ဒီကနေ့ဟာ နိုင်ငံကိုယ်စားပြု သင်္ဘောပေါ်လိုက်သွားခဲ့သော ကျောင်းသားကျောင်းသူ လူငယ်တို့ရဲ့ တွေ့ကြုံခဲ့သမျှ ၊ အာဆီယံနိုင်ငံက လူငယ်များ နဲ့ ယဉ်ကျေးမှု မိတ်ဖွဲ့ဆက်ဆံမှု ဖလှယ်ခဲ့ရမှု အတွေ့ အကြုံများကို ပညာရေးဦးစီးဌာန အကြီးအကဲများကို ရှင်းလင်းတင်ပြတာဖြစ်ပါတယ်၊ အင်တာနေရရှင်နယ် ပရိုဂရမ် ၅ ခုလုပ်ပြနိုင်ခဲ့ပါတယ်၊အဓိက ကျန်းမာရေးပါပဲ၊ မြန်မာလူငယ်တစ်ပျောက်သွားမှာလည်း စိုးရိမ်ရပါတယ်၊ စည်းလုံးညီညွှတ်မှုရှိမှ၊ ခုခရီးစဉ်မှတော့ မြန်မာက စည်ကမ်းရှိမှု(ပထမ)အဖြစ် ချီးကြူခံရပါတယ်၊ ဒီအစီစဉ်ကို ၁၉၇၄ ခုနှစ်ထဲကစတင်ခဲ့တာပါ၊ နှစ်စဉ်ရှိပါတယ် ၊ပညာရေးဝန်ကြီးဌာနက စီစဉ်တာဖြစ်ပါတယ်၊ တက္ကသိုလ်တစ်ခုကို ၃ ဦးနှုန်း ရွေးချယ်ပါတယ်၊အင်္ဂလိပ်စာ ရေးဖတ်ပြော ကျွမ်းကျင်ရပါမယ်၊ ကုန်ကျစရိတ် အလွန်များပြီး နိုင်ငံတော်ကအကုန်ကျခံတဲ့ခရီးစဉ်ဖြစ်လို့ ကျောင်းသားလူငယ်တွေအတွက် တန်ဖိုးရှိတဲ့အခွင့်အလမ်းတစ်ခုဖြစ်လို့ အတုယူကြိုးစားစေချင်ပါတယ်"ဟုပြောသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး