သရက်ချောင်း ၂၆  ဒီဇင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကတွဲကျေးရွာ၌ မြို့နယ်လုံးဆိုင်ရာ (၄၆) ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာ ၂၅ ရက် ညနေ၄ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 

ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် မုခ်ဦးဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောလုကာနှင့် တာဝန်ရှိသူများက ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ယဉ်ကျေးမှုအကအဖွဲ့များနှင့်အတူ စုပေါင်းအမှတ်တရ ဓာတ်ပုံများရိုက်ကူးခဲ့ကြ၍ ယဉ်ကျေးမှု ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

mdn

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာတို့က ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် စင်မြင့်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် နှစ်သစ်အကြို နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ကြသည်။

 

mdn

 

ထိုနောက် ကရင်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသူများမှ ကရင်ဒုံးယိမ်းအကများ၊ တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။ ၎င်းမြို့နယ်အဆင့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးချစ်ဦး(ပြန်/ဆက်)

 

mdn