ရန်ကုန် ၁၆  သြဂုတ်  

၂၀၁၉ ခုနှစ် (၄၇)နှစ်ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် အလေးမပြိုင်ပွဲကို  မြန်မာနိုင်ငံအလေးမအားကစားအဖွဲ့ချုပ်မှ သြဂုတ်လအကုန် စက်တင်ဘာလ အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလေးမပြိုင်ပွဲသို့ ရန်ကုန်တိုင်းအနေဖြင့် အောင်မြင်မှုရရှိနိုင်ရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်လိုသော အလေးမအားကစားသမားများမှ သြဂုတ်  ၂၄ ရက် စနေနေ့ နောက်ဆုံးထားပြီး အသက် (၂၅) နှစ်အောက် ကျား/မ မည်သူမဆို ရန်ကုန်မြို့ အောင်ဆန်းအားကစားဝင်းရှိ အလေးမ ဆပ်ကော်မတီ ဖုန်း-ဝ၉ ၅၀၆၈၅၀ဝနှင့် ဝ၉ ၄၂၀၉၁၉၁၇၄ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

မျိုးမင်းသိန်း(မရမ်းကုန်း)