နေပြည်တော် ၁၃ မတ်

၂၀၁၉ ခုနှစ် မတ် ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၀ နာရီ၊ ၁၄ မိနစ်၊ ဝ၄ စက္ကန့်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၃၆ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးမြို့၏ အနောက်တောင်ဘက် (၁၁) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၃ ဒသမ ဝ၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၉၂ ဒီဂရီ၊ အနက် ၄၉ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

MDN