နေပြည်တော် ၁၀ ဇွန်
(၅)ကြိမ်မောက် မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာပူးတွဲကော်မတီ အစည်းအဝေး (5th China-Myanmar Joint Committee Meeting on Economic, Trade and Technical Cooperation) ကို ဇွန် ၁၂ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မောင်လူမော်