နေပြည်တော် ဇန်နဝါရီ ၁၃ 

(၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို “ကျန်းမာသောဘဝ ပိုင်ဆိုင်ဖို့ ကျန်းမာရေးပြဿနာများ ဖော်ထုတ်ဖြေရှင်းကြပါစို့ - Moving Forward to a Healthy Lifestyle and Addressing Health Risk Behaviors” ဟူသော ဆောင်ပုဒ်နှင့် ဇန်နဝါရီ ၂၀ မှ ၂၄ ရက်အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်- ၅၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) တွင် ကျင်းပမည်ဖြစ်သည်။

ညီလာခံတွင် အခြေခံသုတေသနစာတမ်း (၂၇)စောင်၊ အသုံးချသုတေသနစာတမ်း (၁၉)စောင်၊ ကျန်းမာရေးစနစ် သုတေသနစာတမ်း (၈)စောင်နှင့် သုတေသနပိုစတာ (၄၃)စောင်တို့ကို တင်သွင်းဖတ်ကြားပြသသွားရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။

ညီလာခံသို့ ပြည်တွင်း၊ ပြည်ပမှ သုတေသီများ တက်ရောက်ကြမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၄)ခုနှင့် ဟောပြောပွဲတစ်ခုတို့ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်