နေပြည်တော် ၁ အောက်တိုဘာ
(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော် ရဲတပ်ဖွဲ့မှူး ရုံးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး ထံမှပေးပို့သည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သဝဏ်လွှာအား နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းမင်းသိန်း က ဖတ်ကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က ရဲတပ်သားသစ်စုဆောင်းနိုင်မှု အများဆုံးဆုကိုလည်းကောင်း၊ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းမင်းသိန်းက နေပြည်တော် ရဲတပ်ဖွဲ့အား ကူညီပံ့ပိုးပေးသူ ရပ်မိ/ရပ်ဖများအားလည်းကောင်း၊ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်သော်က သင်တန်းထူးချွန်ဆု ရရှိကြသူများကို လည်ကောင်း ဆုများ အသီးသီး ချီးမြှင့်ကြပြီး နေပြည်တော်ရဲတပ်ဖွဲ့ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်း ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်လှိုင်မြင့်သူ နှင့်တာဝန်ရှိသူများက နေအိမ်လိုင်းခန်းသန့်ရှင်းရေးဆုရရှိကြသူများအား ဆုများပေး အပ်ချီးမြှင့်ကြသည်။
၎င်းနောက် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးတင်ထွန်း၊ ဦးအေးမောင်စိန် နှင့် ဦးညီထွန်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
(ရွှေကုက္ကို)
ဦးဇော်မင်းလွင်


