လားရှိုး  ၁၅ စက်တင်ဘာ 

လားရှိုးမြို့၊ အမှတ်(၉)၊ နယ်မြေ(၁)၊ ဆင်တောင်တောင်ခြေ၊ ဗောဓိ(၂၅၅၉) ပရဝုဏ်အတွင်း စက်တင်ဘာ ၁၄ ရက် နံနက်(၈)နာရီခွဲက အမှတ်(၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(လားရှိုး)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးကျော်ခိုင် ဦးစီးပါဝင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အကြို ဂုဏ်ပြုစုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြသည်။

 

8856

 

ထို့အတူ လားရှိူးမြို့ရပ်ကွက်(၁) နယ်မြေ(၁) ရန်အောင်မြေဘုရားကုန်းတော်ပေါ်ရှိ ဆင်းရွှေလီဘိုးဘွားရိပ်သာ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၅၅)နှစ်မြောက် နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်တပ်ဖွဲ့စု(၂၄)မှ တပ်ဖွဲ့စုမှူး ရဲမှူးမျိုးလွင်အောင် ဦးစီးတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ မှုခင်းရဲတပ်ဖွဲ့ အမှတ်(၁၇) မှုခင်းတပ်ဖွဲ့စုမှူး ရဲမှူးသိန်းဗိုလ်ထွန်း ဦးစီးတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ သတင်းရဲတပ်ဖွဲ့ အမှတ်(၄/၂) ဒုတပ်ဖွဲ့ခွဲမှူးရဲမှူး အောင်ခိုင်စိုး ဦးစီးတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်းရဲတပ်ဖွဲ့ (၄၀)ဦးနှင့် မိသားစုဝင် (၃၀)ဦးတို့သည် ဆင်းရွှေလီဘိုးဘွားရိပ်သာမှ အဘိုး(၈) အဘွား(၂၂)ဦး ပေါင်း(၃၀)ဦးတို့အား အသုံးအဆောင်ပစ္စည်များနှင့် ဆေးဝါများ လှူဒါန်းခြင်း၊ ဘိုးဘွားရိပ်သာခြံဝင်းနှင့် ရန်အောင်မြေဘုရားကုန်းတော်ပေါ်တွင် သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဟန်ဌေး(လားရှိုး)