(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်း

နေပြည်တော် ၁၁ စက်တင်ဘာ

အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေး၊ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး ဝဏ္ဏဇော်တို့မှ ဦးစီး၍ တပ်ဖွဲ့ဝင်/စာရေးဝန်ထမ်းများ စုစုပေါင်း(၂၈)ဦးမှ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဟားခါးမြို့၊ ပြည်သူ့ဆေးရုံတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်းနှင့် သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား အချိုရည်၊ ကြက်ဉ၊ အာဟာရဖြည့်စွက်စာများနှင့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား