နေပြည်တော် ၁၅ စက်တင်ဘာ

အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြင်းခြံခရိုင်ရဲတပ်ဖွဲ့မှတပ် ဖွဲ့ဝင်(၅၂)ဦးတို့က စက်တင်ဘာ ၁၄ ရက် နံနက် ၈ နာရီတွင် မြင်းခြံပြည်သူ့ဆေးရုံတွင် စုပေါင်းသွေးလှူဒါန်း ခဲ့ရာ မြင်းခြံ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွန်းနှင့် အရာရှိများမှ သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ မြင်းခြံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွန်း  ဦးဆောင်၍ တပ်ဖွဲ့ဝင် ၈၀ ဦးတို့မှ မြင်းခြံမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ  ဘိုးဘွားရိပ်သာ အတွင်း/ အပြင်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။

MDN