နေပြည်တော် ဧပြီ ၅
    
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ကြီးမှူး၍ ၂၀၂၂ ခုနှစ် (၅၇) ကြိမ် မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
    
ပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်သည်။
    
အဆိုပါ ပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရယူ၍ တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်လုပ်ငန်းရှင် များနှင့် လိုင်စင်ရယူ၍ ကျောက်မျက်အချောထည် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့် ဝယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်သည်။
    
၂၀၂၂ ခုနှစ် (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တက်ရောက်ဝယ်ယူခွင့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက  မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ရုံးချုပ် (နေပြည်တော်)၊ မြန်မာ့ ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်)တို့တွင် ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။ 

ကိုကိုဇော် (ကလေးဝ)