နေပြည်တော် စက်တင်ဘာ ၂၆
(၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိုးမြင့်ဦး ၏ ကြီးကြပ်မှုဖြင့် အမှတ်(၁) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး မျိုးအောင်မြင့် နှင့် အမှတ် (၁) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး မျိုးထိုက် ပါ အရာရှိ (၂၅)ဦး၊ အခြားအဆင့် (၇၃)ဦး စုစုပေါင်း (၉၈) ဦးတို့သည့် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် သမိုင်းဝင် ရန်အောင်မြင်ရွှေလက်လှစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း ဘုရားရေသပ္ပါယ်ခြင်း နှင့် ရင်ပြင်တော် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တပ်ဖွဲ့ဝင်များ စုပေါင်း လှူဒါန်းသော အလှူငွေကျပ် (၃ဝဝဝဝဝိ/) ကျပ်ကို ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကြည်စိုး ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်