နေပြည်တော် ဩဂုတ် ၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းမှ ၂၀၂၄ ခုနှစ် (၅၇) နှစ် ပြည့် အာဆီယံ ထူထောင်ခြင်း အထိမ်းအမှတ်အဖြစ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးအား ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၈ ရက် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ဝါခေါင် လဆန်း ၄ ရက် (ကြာသပတေး နေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချ ပေးသွားမည်ဖြစ်သည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဩဂုတ် ၈ ရက် (ကြာသပတေး နေ့) တွင် ဝယ်ယူသော စာပို့တံဆိပ် ခေါင်းများပေါ်တွင် နေ့စွဲအမှတ် အသားတံဆိပ် ရိုက်နှိပ်ပေးသွား မည်ဖြစ်သည်။
သတင်းစဉ်


