ဟင်္သာတ ၁ သြဂုတ်
သြဂုတ် ၁ ရက် ယနေ့ထွက်ရှိသည့် (၆) ကြိမ်မြောက် ကျပ် ၁၀ဝ၀ တန် အောင်ဘာလေထီဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နတ်မော်လမ်းမကြီးရှိ မင်္ဂလာစွယ်တော်(ဟင်္သာတ) ပင်ရင်းထီဆိုင်ကြီးမှ (မ- ၇၁၄၂၉၁) ဖြင့် ကျပ်သိန်းတစ်သောင်းခွဲဆုကြီးကို ဆွတ်ခူးပေးခဲ့ကြောင်းသိရသည်။
အဆိုပါ (၆) ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲဆုပါ (၃၆) စောင် အထူးမင်္ဂလာစုံတွဲ ထီ(၃)ကတ်ကို ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်က လူတစ်ဦးမှ လာရောက်ထိုးသွားခြင်းဖြစ်ပြီး အမည်၊ လိပ်စာနှင့် ဖုန်းနံပတ်များကို ပေးခဲ့ခြင်းမရှိကြောင်း ထီဆိုင်ပိုင်ရှင် ဦးသိန်းအောင်ထံမှ သိရသည်။
ယင်းထီဆိုင်မှ ကျပ်သိန်းတစ်သောင်းခွဲဆုရှင် သိနိုင်ရန် ဆိုင်ရှေ့တွင် အသိပေးကြေညာထားပြီး အွန်လိုင်းအသုံးပြုသူများနှင့် ချိတ်ဆက်၍ ဖေ့စ်ဘုတ်မှတစ်ဆင့် အသိပေးကြော်ငြာထားကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


